ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန် - မန္တလေး အမြန်လမ်းရှိ လမ်း၊ တံတားများ ပြုပြင်နေမှုနှင့် ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 31, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများသည် ယနေ့တွင် ရန်ကုန် - မန္တလေး အမြန်လမ်း (နေပြည်တော်-မန္တလေးလမ်းပိုင်း) တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း (နေပြည်တော်-မန္တလေးလမ်းပိုင်း) မိုင်တိုင်အမှတ် (၃၄၆/၀)ရှိ အရှည်ပေ ၁၈၀ သမင်လွှဲရိုးချောင်းတံတားသို့ ရောက်ရှိကြပြီး မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့မှုကို ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်းကတ္တရာ ကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် မိုင်တိုင်အမှတ် (၃၆၀/၀) ရှိ  မြစ်ဆွတ်ချောင်းတံတားသို့ ရောက်ရှိကြရာ တာဝန်ခံအင်ဂျင်နီယာက မန္တလေးငလျင်ကြီးကြောင့် မြစ်ဆွတ်ချောင်းတံတား အရှည်ပေ ၆၀၀ ပျက်စီးခဲ့မှု၊ ယာဉ်သွားလာမှုမပြတ်တောက်စေရေး အပြန်လမ်းဘက်ရှိ တံတားတွင် ငြမ်းထောက်ခြင်းဖြင့် အားဖြည့်၍ ယာယီဘေလီတံတားထိုးပြီး ယာဉ်များသွားလာနိုင်ရေး စီစဉ်ပေးထားမှု၊ တံတားနှစ်စင်းလုံး၏ တိုင်များကို ကွန်ကရစ်အားဖြည့်ခြင်း (Retrofit Stren-gthening) ပြုလုပ်၍ အကြီးစားပြင်ဆင်နေမှုနှင့် ချဉ်းကပ်လမ်းများ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ထုတ်ပြန်ထားသည့် SOP အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ရေရှည်ခိုင်ခံ့စေရေးအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် ကာလအတွင်း ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီး ပင်မတံတားနှင့် တံတားတိုင်များ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မိုင်တိုင်အမှတ် (၃၅၈/၁) ရှိ ဒုဋ္ဌဝတီတံတားနေရာသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အရှည်ပေ ၇၀၀ ဒုဋ္ဌဝတီ တံတားဟောင်းအနီး တံတားအသစ်ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မူလဒုဋ္ဌဝတီတံတားပျက်စီးမှု၊ တံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဒုဋ္ဌဝတီတံတားသည် ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အရေးပါသောတံတားဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး-ပလိပ်လမ်းမှတစ်ဆင့် ပတ်၍ မန္တလေးမြို့သို့ သွားလာနေရသောကြောင့် အသွား/အပြန် တံတားနှစ်စင်းရှိသည့်အနက် တံတားတစ်စင်းကို ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းသည် အရေးပါသော လမ်းတစ်လမ်းဖြစ်သည့်အတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများကို အပိုင်းလိုက် လုပ်ငန်းများပြီးစီးစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒုဋ္ဌဝတီတံတားနှင့် မန္တလေးတံခွန်တိုင်အဝိုင်းကြားရှိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၆၆/၃) မှ (၃၆၁/၃) ကြားရှိ ကွန်ကရစ်လမ်းများ ပျက်စီးခဲ့ခြင်းကို ပြန်လည်ပြုပြင်ပြီးစီး၍ ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းဘေး ဝဲ/ယာ မြေသားအမာခံရရှိရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၂၇ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download