ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 25, 2026
ရန်ကုန် ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ ပွဲကြည့်စင်များ၊ အားကစားရုံများ၊ အစည်းအဝေးခန်းမနှင့် ရုံးခန်းများ၏ လက်ရှိအနေအထား၊ လျာထားသတ်မှတ်ထားသည့် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေး၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက်တိကျစွာလုပ်ကိုင်ဆောင်ရွက်ရေး၊ အဆောက်အအုံဖျက်သိမ်းရာတွင် အပိုင်းလိုက် စနစ်တကျဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်ရန် ကြပ်မတ်စိစစ်ဆောင်ရွက်ရေး မှာကြားသည်။
ထို့နောက် မိုးလုံလေလုံဘော်လီဘောအားကစားရုံ၌ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်ဖလား၊ ရန်ကုန်တိုင်းဒေသကြီး အသက် ၂၅ နှစ်နှင့်အောက် ဘော်လီဘောပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မင်္ဂလာတောင်ညွန့် မြို့နယ်သိမ်ဖြူအားကစားခန်းမ၌ မြန်မာနိုင်ငံကစ်ဘောက်ဆင်အဖွဲ့ချုပ်က နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးနိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး လိုအပ်သည့်လေ့ကျင့်ရေးရုံနှင့် ရုံးခန်းများတည်ဆောက်ရန် တင်ပြတောင်းခံထားသည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဒိုင်လူကြီးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒလမြို့နယ်၌ မီတာ(၄၀၀)ပြေးလမ်းပါဘောလုံး ကွင်းနှင့် (ပေ ၁၂၀ x ပေ ၉၀) ရှိ သော အားကစားခန်းမကို ကြည့်ရှု စစ်ဆေးပြီး ဒလမြို့နယ်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ ဘောလုံးကွင်းခြံစည်းရိုးနှင့် ဂိုးတိုင်၊ ဂိုးပိုက်များကောင်းမွန် သစ်လွင်နေစေရန်၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်၊ မီတာ (၄၀၀) Synthetic ပြေးလမ်းဆောင်ရွက်ရန်နှင့် အားကစားခန်းမ ရေရှည်တည်တံ့ခိုင်မြဲစေရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ အားကစားနှင့် ပညာရေးပေါင်းစပ် အထက်တန်းကျောင်းနှင့် စားရိပ်သာတို့၌ (Grade-12) ကျောင်းသား ကျောင်းသူများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-12) ပြီးမြောက်ခြင်း နှစ်ဆုံးစာမေးပွဲ ဖြေဆိုရန်လေ့လာကျက်မှတ်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသည် အောင်ချက်ကောင်းမွန်သည့် ကျောင်းအဖြစ် မှတ်တမ်းတင်နိုင်အောင် ကြိုးစားကြရန်မှာကြားကာ အားကစားနှင့် ကာယပညာ သိပ္ပံ (ရန်ကုန်) စားရိပ်သာ၌ ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၂ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
