ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ (၃၇) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 06, 2026
image_latest


နေပြည်တော် မတ် ၅

(၃၇) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန စုဝေးခန်းမရေဆင်း၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းတက္ကသိုလ်များမှပါမောက္ခချုပ်များ၊ အငြိမ်းစားသစ်တောအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ သုတေသနစာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးနှင့်သုတေသနဖွံ့ဖြိုးရေးသည် အရေးကြီးသောအခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသည့် သုတေသနစွမ်းဆောင်ချက် တစ်ခုသည် နိုင်ငံလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ သဘာဝသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်နိုင်ရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလေ့လာမှုများ ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Research and Development ကဏ္ဍသည် အရေးပါ ကြောင်း၊ သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနဖွံ့ဖြိုးတိုးတက် ရေးကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယနေ့ရင်ဆိုင်နေရသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ချဉ်းကပ်မှုပုံစံသစ်များဖြင့် သုတေသနပြုဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ သတ္တုကဏ္ဍတွင်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးနှင့် ရေရှည်တည်တံ့စေသော သတ္တုတူးဖော်မှု (Green Mining and Sustainable Mining) ဖြစ်စေရန်နှင့် ဈေးကွက်ဆိုင်ရာ သုတေသနများအား လေ့လာဖော်ထုတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအကြံပေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ကဏ္ဍ(၃)ရပ် ပူးပေါင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် အကျိုးရှိသည့် သုတေသနရလဒ်ကောင်းများစွာ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်းနှင့် သုတေသီများ အနေဖြင့် ဌာနနှင့် နိုင်ငံအတွက် လက်တွေ့အကျိုးရှိစေမည့် အသုံးချသုတေသနရလဒ်များ ပေါ်ထွက်လာ အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသည့် သုတေသနစာတမ်းပိုစတာများကို လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာစာတမ်းရှင်များက သုတေသနတွေ့ရှိချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

အဆိုပါ စာတမ်းဖတ်ပွဲကို နှစ်ရက်တာကျင်းပသွားမည်ဖြစ်ပြီး သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍဆိုင်ရာ စာတမ်းပေါင်း ၂၇ စောင် ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၁ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download