ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ပန်ကြပ်ဆီလတ်နည်းပြသင်တန်းဖွင့်ပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ပန်ကြပ်ဆီလတ်နည်းပြသင်တန်းဖွင့်ပွဲ တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 29, 2026
ရန်ကုန် ဧပြီ ၂၈
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလတ်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပန်ကြပ်ဆီလတ်နည်းပြသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲတွင် အသုံးပြုမည့် နည်းစနစ်များ၊ အမှတ်ပေး စည်းမျဉ်းနှင့် စည်းကမ်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ နည်းပြများနှင့် အားကစားသမားများ ပိုမိုသိရှိနားလည်၍ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိပြီး အရည်အသွေးပြည့်ဝသည့် နည်းပြကောင်းများ ပေါ်ထွက်လာစေမည်ဖြစ်ပါကြောင်း၊ နည်းပြများ အနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဥပဒေနှင့် နည်းစနစ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်
မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာအားကစားကွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 အမျိုးသားဘောလုံးရှုံး/ထွက်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဘောလုံးကွင်းကောင်းမွန်စေရန်ပြင်ဆင်ထားရှိမှုများ၊ ဘောလုံးကွင်းအတွင်း အလံတိုင်၊ ဂိုးတိုင်၊ ဂိုးပိုက်များနှင့်ကွင်းပတ်လည်နံရံပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန် မှာကြားချက်အတိုင်း ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ သန်လျင်ခရိုင် သီဟဒီပ အားကစားကွင်းရှိ ဘောလုံးကွင်း၊ ပွဲကြည့်စင်၊ ရေလှောင်ကန်၊ ရေကူးကန်၊ ပြိုင်ပွဲရုံ(က) သီဟဒီပအားကစားခန်းမနှင့် ဖူဆယ်အားကစားကွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံအတွင်း ပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပပြုလုပ်၍ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းရှိ ပဒေသာအားကစားခန်းမနှင့် ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ထိထိရောက် ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ Smart School နှင့် Football For School Program အရ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေသကဲ့သို့ အခြားအားကစားနည်းများကို အားထည့်၍ ဆောင်ရွက်သွားစေလိုကြောင်း၊ ပြည်သူလူထုအမြင်၌ အားကစားယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် တက်ညီလက်ညီဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၁၀ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
