ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားပြတိုက်(နေပြည်တော်)အား ကြည့်ရှုစစ်ဆေးမြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2026
image_latest


နေပြည်တော် မေ ၇

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(နေပြည်တော်)သို့ သွားရောက်၍ အမျိုးသားပြတိုက်(နေပြည်တော်)၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ပြင်ဆင်မှုကို အရှိန်မြှင့်တင်

ဦးစွာ အမျိုးသားပြတိုက်တာဝန်ခံက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပြတိုက်ခန်းမများ၊ ပြသပစ္စည်းများ ပြင်ဆင်မှုကို အရှိန်မြှင့်တင်ကာတိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်ရန်၊ သီဟာသနပလ္လင်ပြခန်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားရန်၊ လာရောက်ကြည့်ရှုသူဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် အမျိုးသားပြတိုက်(နေပြည်တော်)ကို အများပြည်သူပိုမိုသိရှိလာကြစေရန် ပြခန်းတစ်ခုချင်းစီအလိုက် ပြသပစ္စည်းများကို မီဒီယာများမှတစ်ဆင့် တင်ဆက်ပြသနိုင်ရေး ဆောင်ရွက်သွားရန်၊ ကျောင်းသား လူငယ်များမှအစ မြန်မာပြည်သူလူထုအနေဖြင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သိရှိကြစေရန်အတွက် ပရိုင်းမိတ်များ မြန်မာ့မြေပေါ်တွင် စတင်ဖြစ်ပေါ်လာသည်မှစ၍ ခေတ်အဆက်ဆက် ယဉ်ကျေးမှုများ တိုးတက်ထွန်းကားလာကြောင်းကို ပညာပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာကြစေရေး ဆောင်ရွက်သွားရန်နှင့် အမျိုးသားပြတိုက်(နေပြည်တော်)ကို နေပြည်တော် ကောင်စီနယ်မြေ၏ ခရီးသွားများ လေ့လာလည်ပတ်စရာနေရာတစ်ခုအဖြစ် ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၎င်းစုဆောင်းထားရှိသည့် ဧရာဝတီကျောက်လွှာထုမှ တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းအား အမျိုးသားပြတိုက်တွင် ပြသနိုင်ရေး လှူဒါန်းရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြတိုက်တာဝန်ခံတို့က လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြတိုက်တွင် ဖွင့်လှစ်ပြသထားသည့် ပြခန်းများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံပိုင်းဆိုင်ရာများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုများ ကိုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး H.E. Mr. Tariq Karim အား နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် ၃၃ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မြန်မာနိုင်ငံမှ ပုဂံမြို့နှင့် ပါကစ္စတန်နိုင်ငံမှ တက္ကသီလာမြို့ (Taxila) တို့ကို ညီအစ်မမြို့တော် (Sister City) အဖြစ် ထူထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင် ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ဘာသာရေးအခြေခံ ခရီးသွားလုပ်ငန်းများနှင့် ဘာသာရေးဆိုင်ရာ ခရီးစဉ်များ အပြန်အလှန်စီစဉ်ဆောင်ရွက်နိုင်ရေး၊ ခရီးသွားလုပ်ငန်းအပြင် အထည်အလိပ်လုပ်ငန်းများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားပြည်သူများ အပြန်အလှန် သွားလာလည်ပတ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံရှိ ခရီးသွားဆွဲဆောင်ရာနေရာများကို မီဒီယာများမှ တစ်ဆင့်မြှင့်တင်ကြော်ငြာပေးသွားနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၁၉ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download