ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် တွေ့ဆုံဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 01, 2026
နေပြည်တော် ဇွန် ၁
အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House) ၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့်တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House) သို့ရောက်ရှိရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် သီးခြားတွေ့ဆုံဆွေးနွေးသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ပြည်ပရေးရာဝန်ကြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar ဝန်ကြီးချုပ်ရုံးဝန်ကြီး Dr. P.K. Mishra ၊ အမျိုး သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့် ဝန်ကြီးချုပ်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ကပြောကြားရာ၌ အဆွေတော်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ယခုကဲ့သို့လက်ခံတွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်မိသည်ကို ဦးစွာပြောကြားလိုပါကြောင်း၊ မိမိနှင့်အဆွေတော်အနေဖြင့် ယခင်ကတည်းက မကြာခဏ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း၊ မကြာမီကမြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆွေတော်ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်း မိမိတို့နိုင်ငံသို့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ရွေးချယ်ပေးခဲ့မှုအပေါ်တွင်လည်း မိမိတို့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဆွေတော်နှင့် ကိုယ်စားလှယ် အဖွဲ့ကို မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံတွင် မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် အဆွေတော်တို့အနေဖြင် ခက်ခဲသော အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရသော်လည်း အဆွေတော်နှင့်မိမိတို့အကြား ကောင်းမွန်သော ထိတွေ့ဆက်ဆံမှုများနှင့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့အဆွေတော်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံရသည့်အတွက် မိမိအနေဖြင့် များစွာဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော်၏ သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရမှုအပေါ်တွင်လည်း မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူသည်ကို ပြောကြားလိုပါကြောင်း၊ အဆွေတော် ဆက်လက်တာဝန်ထမ်းဆောင်မည့် ကာလများတွင်လည်း အောင်မြင်မှုများကို ရရှိပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ အဆွေတော်နှင့် ကိုယ်စားလှယ်အဖွဲ့ကို အိန္ဒိယနိုင်ငံကလှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်ကို ထပ်လောင်းပြောကြားလိုကြောင်း၊ ယနေ့တွင် အဆွေတော်အနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးမြို့တော်နယူးဒေလီသို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောက်ရှိနေစဉ်ကာလအတွင်း အဆွေတော်အနေဖြင့် မိမိတို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ကောင်းကျိုးရလဒ်များရရှိအောင် ဆွေးနွေးနိုင်မည်ဖြစ်ပြီး ထူးခြားသည့်ခရီးစဉ်တစ်ခုဖြစ်ကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယခုကဲ့သို့ အဆွေတော်နှင့် ၆ ကြိမ်မြောက် ထပ်မံတွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အဆွေတော်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးပြည်ပချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ရသည့်အတွက် လွန်စွာအလေးထားပါကြောင်းနှင့် မိမိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးပျူငှာစွာ ကြိုဆိုသည့်အတွက်လည်း ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ အဆွေတော် အိန္ဒိယနိုင်ငံကို တာဝန်ယူသည့် ၂၀၁၄ ခုနှစ်မှစပြီး ၁၂ နှစ်တာ ဝန်ကြီးချုပ်သက်တမ်းကာလအတွင်း အိန္ဒိယနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အဆွေတော်၏ဦးဆောင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည့် အဆွေတော်၏စွမ်းဆောင်မှုအပေါ် ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့်အတူ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲကောင်းမွန်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အဆွေတော်ကို ကျေးဇူးတင်အသိအမှတ်ပြုအပ်သည် ကိုပြောကြားလိုပါကြောင်း၊ မိမိသမ္မတတာဝန် စတင်ထမ်းဆောင်မှုကျမ်းသစ္စာကျိန်ဆိုပွဲကို အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့မှုနှင့် အခမ်းအနားတက်ရောက်ရန် ကိုယ်စားလှယ်စေလွှတ်ပေးခဲ့မှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များစွာရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ချိန်တွင် အဆွေတော်တို့ နိုင်ငံမှကူညီမှုများဆောင်ရွက်ပေးခဲ့မှုအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ “အိန္ဒိယနိုင်ငံသည် ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အား တစ်ခုဖြစ်လာမည်”ဟု အဆွေတော်ပြောကြားခဲ့သကဲ့သို့ မိမိတို့အနေဖြင့် တိုးတက်လာလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့်အညီ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာဖြင့် အတူယှဉ်တွဲနေထိုင်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွက်လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ဆေးဝါးများ၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ၊ ချည်မျှင်နှင့်အထည်အလိပ်များ တိုးမြှင့်တင်သွင်းနိုင်သည့် အခြေအနေများ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ(AI) ကဏ္ဍနှင့် အာကာသနည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများနှိမ်နင်းရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် တရားမျှတပြီး သိက္ခာရှိသည့်ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျအကောင် အထည်ဖော်မည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ အနာဂတ်ကာလများတွင် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ဘုံအကျိုးဖြစ်ထွန်းစေမယ့် ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တက်ရောက်သည်။
ဂုဏ်ပြု နေ့လည်စာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း အိန္ဒိယနိုင်ငံယဉ်ကျေးမှုအဖွဲ့က နှစ်နိုင်ငံရိုးရာတေးသီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုနေ့လည်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက်နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House) မှပြန်လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က လိုက်လံပို့ဆောင်နှုတ်ဆက် ခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစာများ - ၃၅၄၄ ခု
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
