ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွားမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 12, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို တစ်ရက်တိုး၍ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲသို့ ပြည်သူအများအပြား စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြပြီး ထုတ်ကုန်များကို ဝယ်ယူမှုများပြားနေခြင်း၊ ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်လျက်ရှိခြင်းတို့ကြောင့် ပြည်သူများ ပိုမိုလေ့လာကြည့်ရှုဝယ်ယူနိုင်စေရန် ရည်ရွယ်ကြောင်း ပြပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ယနေ့ပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရင်ပြင်၌ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ဒေသခံပြည်သူ အများအပြား စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြသည်။

MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပြည်ထောင်စုဝန်ကြီးဌာန ပြခန်းများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းပြခန်းများ၊ ပြင်ပကုမ္ပဏီ ၂၉ ခုက ဝင်ရောက်ပြသသည့်ပြခန်းများ စုစုပေါင်းပြခန်း ၁၂၀ ကျော်၌ အမျိုးအစားစုံလင်စွာ ခင်းကျင်းပြသရောင်းချလျက်ရှိပြီး ပြပွဲစတုတ္ထနေ့တွင် အနယ်နယ်အရပ်ရပ်မှ ပြပွဲလာပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပြခန်းများအလိုက် ခင်းကျင်းပြသထားသည့် ဒေသအလိုက်ထွက်ရှိသော တိုင်းရင်းသားရိုးရာအစားအစာများ၊ One Region One Product ထုတ်ကုန်များအပါအဝင် ပြည်ပသို့တင်ပို့ရောင်းချနေသည့် MSME ထုတ်ကုန်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ပြခန်းတာဝန်ရှိသူများက သက်ဆိုင်ရာပြခန်းအလိုက် ရှင်းလင်းဆွေးနွေးပေးလျက်ရှိသည်။

ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၌ ဒေသထွက်အစားအစာများ၊ စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ၊ အိမ်သုံးပစ္စည်း၊ လယ်ယာသုံးပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည့်အတွက် ပြပွဲလာပြည်သူများ၏ ဝယ်ယူအားပေးမှုဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်စားသောက်ဖွယ်ရာများကို ယင်းဒေသ၏ လက်ရာ၊ အရသာ၊ ပုံစံအတိုင်း သုံးဆောင်နိုင်ရန်နှင့် သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ရောင်းချပေးလျက်ရှိသည်။

ပြပွဲရက်များအတွင်း ညပိုင်းတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းကျင်းပလျက်ရှိပြီး နိုင်ငံကျော်အနုပညာရှင်များ၏ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြူးမြူးကြွကြွ သီဆိုကပြဖျော်ဖြေမှုများတွင် ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိသည်။

နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မင်းကျော်စွာ

ဓာတ်ပုံ - အောင်မင်းထွန်း

သတင်းစာများ - ၃၄၅၅ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download