ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပညာရေးစုံညီပွဲတော် တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 04, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်း ဦးနှင့်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း/ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က ပညာရေးစုံညီပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး မြို့နယ်အလိုက် ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်ပြသမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဇေယျာသီရိမြို့နယ် အထက(၁) ကျောင်းသား ကျောင်းသူများက “စုံညီပွဲတော်တို့နွှဲပျော်” အဖွင့်သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း အခြေခံပညာသင်ယူပြီးမြောက်စေရေးအတွက် လူတိုင်းအကျုံးဝင်ပညာရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပါကြောင်း၊ အလယ်တန်းပညာ အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူနိုင်မည့်အခွင့်အလမ်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၈၉ ကျောင်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။

အခြေခံပညာသင်ရိုးသစ်သည် အရည်အသွေးရှိသည့် ပညာသင်ကြားရေးစနစ်ကို ဦးတည်လျက်ရှိပြီး ကျောင်းသားလူငယ်များ၏ အသိပညာဗဟုသုတသာမက ပြဿနာဖြေရှင်းနိုင်မှု၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တာဝန်သိမှု၊ တီထွင်ကြံဆဖန်တီးနိုင်မှုနှင့် ဆန်းသစ်ဝေဖန်ပိုင်းခြားနိုင်မှု စသည့်အသိဉာဏ်ရှိပြီး ဘက်စုံပညာပြည့်ဝသည့် ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံသားများဖြစ်စေရေး စံသတ်မှတ်ချက်များ ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကအားထားရသည့် ပညာတတ် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးတို့အပြင် စိတ်ဓာတ်၊ စည်းကမ်း၊ နိုင်ငံနှင့် လူမျိုးကိုတန်ဖိုးထားသည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရန် ဆရာ၊ မိဘနှင့် ပညာရေးနှင့် ဆက်စပ်သူများအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး တတိယအဆင့် ဆုရရှိသူနှင့် ၂၀၂၅ ခုနှစ် (၁၄)ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပွဲတော်တွင် ပိုက်ကျော်ခြင်း ရွှေတံဆိပ်ဆုရရှိသူကို ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားကာ တိုင်းအဆင့် Grade-9 အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဆုရရှိသူသုံးဦးကို ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က တိုင်းအဆင့်အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာဆုရရှိသူများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးဆုရရှိကြသူများ၊ National ICT Awards 2025 (Educational Project and Skills Competition) ပြိုင်ပွဲ ဆုရရှိကြသူများ၊ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးနှင့် အလယ်တန်းဆင့်ကဗျာ ဆုရရှိကြသူများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အမှတ်စဉ် (၁၁၂) သေနတ်ပစ် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်ရှစ်မြို့နယ်ရှိ ကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ မြို့နယ်အလိုက် ခင်းကျင်းပြသထားသည့် ပညာရေးဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၀၁ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download