ပြည်သူလူထုအကျိုးစီးပွားကိုရှေးရှု ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2025
image_latest


မြန်မာနိုင်ငံ၌ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မူဘောင်အရ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ကာလအပိုင်းအခြားအလိုက် အကြိမ်ကြိမ်ရပ်ဆိုင်းပေးခဲ့သည့်အပြင် လက်ရှိကာလတွင်လည်း ဖြစ်ပေါ်နေသောအခြေအနေအကြောင်းအမျိုးမျိုးတို့နှင့် အများပြည်သူအားလုံး၏ အကျိုးစီးပွားများကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံအသိပေးထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး တပ်မတော်က ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ လက်ရှိကာလတွင်လည်း ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိသဖြင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံတိုးမြှင့်သတ်မှတ်လိုက်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်စေရန်၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိကာလကို ယာယီပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးကာလအဖြစ် တပ်မတော်က ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်သည်။

ယာယီပစ်ခတ်တိုက်ခိုက်မှုကို ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအားတိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကိုကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ ထုတ်ပြန်ထားသည့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အလေးထားဆောင်ရွက်လျက်ရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အခြားလက်နက်ကိုင်အဖွဲ့များသည် အများပြည်သူသွားလာရန် တည်ဆောက်ထားသည့် လမ်းပန်းဆက်သွယ်ရေးတံတားများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးနေကြသည်။ တပ်မတော်သည် အသိပေးကြေညာထားသည့်အတိုင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို လိုက်နာဆောင်ရွက်လျက်ရှိသလို အသိပေးကြေညာထားမှုကို မျက်ကွယ်ပြုပြီး နှောင့်ယှက်ဖျက်ဆီးနေသည့် လက်နက်ကိုင်သောင်းကျန်းသူများကိုလည်း ထိရောက်သည့်တုံ့ပြန်မှုများဖြင့် အလျင်အမြန်ဆောင်ရွက်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းဆိုသည်မှာ နှစ်ဦးနှစ်ဖက်သဘောတူရပ်ဆိုင်းခြင်းနှင့် တစ်ဖက်သတ်ရပ်ဆိုင်းခြင်းဟူ၍ရှိရာ မည်သည့်နည်းဖြင့်မဆို နှစ်ဖက်အတွက် ကောင်းသောဆောင်ရွက်ချက်ဖြစ်၍ အလေးထားကြရန်လိုအပ်မည်ဖြစ်သည်။ ယာယီရပ်ဆိုင်းထားသည်ဖြစ်စေ၊ အမြဲတမ်းရပ်ဆိုင်းထားသည်ဖြစ်စေ အများပြည်သူ ငြိမ်းချမ်းရေးကိုရှေးရှုသည်ဖြစ်၍ မွန်မြတ်သောလုပ်ဆောင်မှုပင်ဖြစ်သည်။ ယခုအခါအခြေအနေအချိန်အခါ အကြောင်းကြောင်းတို့ကိုထောက်ရှုပြီး အထူးသဖြင့် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှုပြီး ယာယီအားဖြင့် ရပ်စဲထားခြင်းဖြစ်ရာ ယင်းကိုအလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ သမိုင်းကြောင်းကိုကြည့်လျှင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခြင်းမရှိသောကြောင့် ယနေ့အချိန်အထိ သက်တမ်းရှည်ကြာနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ လက်နက်ကိုင်ပဋိပက္ခများကြောင့် မငြိမ်းချမ်းခြင်း၊ မတည်ငြိမ်ခြင်း၊ မလုံခြုံခြင်းအခြေအနေများကို အထူးသဖြင့် ပြည်နယ်များ၊ ကျေးလက်ဒေသများမှ ဒေသခံပြည်သူများကြုံတွေ့ခံစားနေကြရသည်ဖြစ်ရာ ငြိမ်းချမ်းခြင်း၏ ကနဦးခြေလှမ်းဖြစ်သည့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သို့မဟုတ် ထာဝရပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သက်ဆိုင်သူများအားလုံးက အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

သတင်းစာများ - ၃၁၅၇ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download