ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးနေမှု ကြည့်ရှုအားပေး
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးနေမှု ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 26, 2025
နေပြည်တော် အောက်တိုဘာ ၂၅
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး (နေပြည်တော်)နှင့် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ (တပ်ကုန်း) တို့မှ အထူးကုဆရာဝန်ကြီးများက တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၌ ကွင်းဆင်းဆေးဝါးကုသမှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် လုပ်ငန်းကော်မတီအဖွဲ့သည် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာရှိ မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် အုန်းပင်ကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများဖြစ်သည့် တောင်ပို့သာ၊ သကြားဟင်းအိုး၊ သစ်ဆိမ့်ပင်၊ ဆူးတက်၊ ကျောက်စရစ်ကုန်း၊ ကျွဲလည်ပင်း၊ ချင်းစုနှင့် ကြာပင်အင်းကျေးရွာတို့မှ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများပါဝင်သည့် ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုနှင့် လူသုံးကုန်နှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအတွက် ဗုဒ္ဓဆင်းတုရုပ်ပွားတော်များနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် ၂၀၂၆ ခုနှစ် ပြက္ခဒိန်များအား ပေးအပ်လှူဒါန်းသည်။
ထို့နောက် ကျေးရွာပြည်သူ လူထုနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မီဒီယာအနေဖြင့် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းစဉ်များအတိုင်း သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် ထုတ်ပြန်ပေးခြင်းနှင့် အသိပညာမျှဝေပေးခြင်းတို့အပြင် အနုပညာ ရှင်များနှင့်ပေါင်းစပ်၍ သဘာဝ ဘေးသင့်ဒေသများသို့ သွားရောက်ပြီး စာနာမှု၊ အားပေးမှုနှင့် စိတ်ခွန်အားမြှင့်တင်မှုတို့အတွက် ဖျော်ဖြေ ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အုန်းပင် - တောင်ပို့သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ လယ်ငယ်ချောင်းကူးတံတားအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့က အရှည်ပေ ၃၀၀ ရှိ သံကူကွန်ကရစ် ချောင်းကူးတံတား ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေနှင့် ဆည်မြောင်းဦးစီးဌာနက ရာဂီ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပွဲစားရေလွှဲဆည်အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သားခိုတောင် မဟာအတုလ လောကရန်အောင် ဆုတောင်းပြည့်စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို ၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေအား စေတီတော်ဂေါပက တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ရှေးဟောင်းသမိုင်းဝင် သားခိုတောင်ဒေသအား ပြည်သူများ လာရောက်လေ့လာနိုင်မည့် ဒေသန္တရခရီးစဉ်တစ်ခု အဖြစ်ဖော်ဆောင်ကာ ညောင်ပင် သာအပန်းဖြေစခန်းနှင့် တွဲဖက် ၍ ခရီးသွားဧည့်သည်များ လာရောက်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးတက်စေမည့်အစီအမံများနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သားခိုတောင် မဟာအတုလ လောကရန်အောင် ဆုတောင်းပြည့်စေတီသည် တပ်ကုန်းမြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ အုန်းပင်ကျေးရွာတွင် တည်ရှိပြီး သမိုင်းဝင်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၂၉ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
