ပွင့်လင်းရာသီတွင် ကရင်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုပိုမိုများပြား


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / November 21, 2024


ဘားအံ - နိုဝင်ဘာ (၂၁)

ပွင့်လင်းရာသီတွင် ကရင်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုပိုမိုများပြားသည့် အတွက် ခရီးစဉ်ဒေသများနှင့်တည်းခိုနေထိုင်ရန်နေရာများ အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စီစဉ်ဖန်တီးပေးကြရန် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)တွင်ကျင်းပသည့် (၉/၂၀၂၄) ကြိမ်မြောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးတွင် ပြောကြားသည်။

ရိုးရာအစားအစာနှင့် ဒေသထွက်ထူးခြားဆန်းသစ်သောအစားအစာများကို ရောင်းချပေးနိုင်ရေးနှင့် မိမိဒေသ သို့ လာရောက်လည်ပတ်သည့်ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့မှုရှိစေရေး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တက်ရောက်လာသူများမှ လိုအပ်သည့်အကြံ ဉာဏ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြပေးကြရန် ပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ကော်မတီမှလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ဆုံးဖြတ်အတည်ပြု ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ဟိုတယ်လုပ်ငန်းရှင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများက ဒေသတွင်းခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ဒေသတွင်းခရီးစဉ် ဒေသများသန့်ရှင်းသပ်ရပ်မှုရှိစေရေးလုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကိုဆွေးနွေးတင်ပြကာ ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်ဂူ၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ဇွဲကပင်တောင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များမှ သက်ဆိုင်ရာ ဒေသများအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

 

သတင်းစာများ - ၃၀၀၀ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၊ နိုဝင်ဘာ ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download