ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့ ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲကျင်းပနေမှု သွားရောက်လေ့လာ
ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့ ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲကျင်းပနေမှု သွားရောက်လေ့လာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 09, 2025

နေပြည်တော် အောက်တိုဘာ ၈
မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် ယနေ့တွင် ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကျင်းပနေမှုကို သွားရောက်ကြည့်ရှုလေ့လာကြသည်။
ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ပြိုင်ပွဲဝင်များ၏ ဒုံမင်းအတီးပြိုင်ပွဲ တီးခတ်ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသားပြတိုက်၌ “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲ သီဆိုယှဉ်ပြိုင်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး မြန်မာ့ရိုးရာတူရိယာများ သရုပ်ပြ တီးခတ်ပြသမှုကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။
ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် အကပြိုင်ပွဲနှင့် ဆိုင်းအတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ကြည်ညို လေ့လာကြသည်။
အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ဖျော်ဖြေရေးအစီအစဉ် များ ဆောင်ရွက်ခဲ့ကြပြီး ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် မြန်မာ - ရုရှား - ဘယ်လာရုစ် သုံးနိုင်ငံဖျော်ဖြေပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
သတင်းစဉ်

သတင်းစာများ - ၃၃၁၂ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download