မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 15, 2025
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။


     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ဥယျာဉ်စုကျေးရွာနေ မောင်ဆယ်သိန်း(၂၃)နှစ်သည် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ကျေးရွာ၏အရှေ့ဘက် ၇ ဖာလုံခန့်အကွာရှိ ဒေသအခေါ် “အင်း” သို့ နွားစာရိတ်ရန် လမ်းလျှောက်သွားစဉ် အဆိုပါနေရာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၁၉၅ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download