မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မူလရေပေးဝေရေးစက်ရုံအတွင်း ဝင်ရောက်၍ ဌာနပိုင် မော်တော်ယာဉ် နှစ်စီးနှင့် မော်တာအဟောင်း တစ်လုံးတို့အား ခြိမ်းခြောက်လုယက်ယူဆောင်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မူလရေပေးဝေရေးစက်ရုံအတွင်း ဝင်ရောက်၍ ဌာနပိုင် မော်တော်ယာဉ် နှစ်စီးနှင့် မော်တာအဟောင်း တစ်လုံးတို့အား ခြိမ်းခြောက်လုယက်ယူဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 08, 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်နက်အားကိုးဖြင့် ဌာနဆိုင်ရာ အဆောက် အအုံများ၊ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မူလရေပေးဝေရေးစက်ရုံဝင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ၁၅ ဦးခန့်(စိစစ်ဆဲ)က ထွန်စက် တစ်စီးဖြင့် ရောက်ရှိလာပြီး ဝန်ထမ်းများအား ခြိမ်းခြောက်၍ စက်ရုံအတွင်းရှိ MGY-12/6P-XXXX ISUZU GARBAGE COMPACTOR TRUCK အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ MGY-12/6P-XXXX LIFAN အစိမ်းရောင် ရေစုပ်စက် မော်တော်ယာဉ် တစ်စီး၊ 20-HP မော်တာအဟောင်း တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ မူလရေပေးဝေရေးစက်ရုံဝင်းအတွင်း ဝင်ရောက်၍ ဌာနပိုင် မော်တော်ယာဉ် နှစ်စီးနှင့် မော်တာအဟောင်း တစ်လုံးတို့အား ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၂၁၇ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။
