မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ မန္တလေးတိုင်းဒေသကြီး မြို့နယ်ကိုးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲပေးကြ
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ မန္တလေးတိုင်းဒေသကြီး မြို့နယ်ကိုးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲပေးကြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 12, 2026
မန္တလေး ဇန်နဝါရီ ၁၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲကျင်းပ ရန်ကြေညာထားသည့် မြို့နယ်ပေါင်း ၁၀၀ ၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သတ်မှတ်မဲရုံအသီးသီး၌ စိတ်အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများပေးကြသည်။
“ဒီနေ့မဲပေးရတာ အားလုံးအဆင်ပြေပါတယ်။ မဲပေးစက်နဲ့ပေးခဲ့ရတဲ့အတွက် စိတ်တိုင်းကျမှုရှိပါတယ်။ မဲရုံတာဝန်ရှိသူတွေက ကျွန်တော်တို့လို မဲလာရောက်ပေးတဲ့သူတွေ အခက်အခဲမရှိအောင် ကူညီဆောင်ရွက်ပေးပါတယ်။ မဲပေးတာက ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မဲပေးပြီးတဲ့ နောက်မှာလည်း စိတ်ထဲမှာ ပျော်ရွှင်မိပါတယ်။ ပြည်သူတွေ မဲပေးရွေးချယ်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံအတွက်အကောင်းဆုံး ဆောင်ရွက်ပေးစေချင်ပါတယ်။ မင်စွန်းနေတဲ့လက်ကို ကြည့်ပြီးပျော်ရွှင်မိပါတယ်” ဟု မဲလာရောက်ပေးသည့် ကိုထွန်းထွန်းဝင်းက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်များ၌မဲရုံများကို နံနက် ၆ နာရီမှစတင်၍ စနစ်တကျဖွင့်လှစ်ပေးရာ မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာဖြင့် မဲရုံ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆန္ဒမဲများ လာရောက်ပေးကြပြီး မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရန် မဲရုံတာဝန်ကျဝန်ထမ်းများနှင့် တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
“ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ မဲရုံတွေအားလုံးကို အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားပါတယ်။ ဆန္ဒမဲပေးတဲ့ ပြည်သူတွေအတွက် ရေသန့်ဘူးတွေနဲ့ အစားအစာတွေကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ မဲရုံတိုင်းမှာ သယ်ယူပို့ဆောင်ရေးအတွက် ကားတွေအဆင်သင့် ပြင်ဆင်ထားပါတယ်။ ပြည်သူတွေ တန်းစီစောင့်ဆိုင်းရတာ မကြာအောင် စီမံဆောင်ရွက်ထားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အပိုင်း(၂)မှာ ပြည်သူတွေအနေနဲ့ အားကြိုးမာန်တက် ဆန္ဒမဲပေးကြဖို့ ဖိတ်ခေါ်လိုပါတယ် ”ဟု အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းဦးက ပြောကြားသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၂)တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံတားဦးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ် စသည့် မြို့နယ်ကိုးမြို့နယ်ပါဝင်ပြီး အဆိုပါ မြို့နယ်ကိုးမြို့နယ်ရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၀ သိန်းကျော်အတွက် မဲရုံပေါင်း ၁၀၈၃ ရုံကို စနစ်တကျဖွင့်လှစ်ထားရှိကာ နိုင်ငံရေးပါတီကိုးခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြကြောင်း သိရသည်။
“ကျွန်မတို့ မဲရုံမှာတော့ ကြိုတင်ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ထားပါတယ်။ မဲပေးစက် ၁၀ လုံးရှိပြီး ဆန္ဒမဲပေးမယ့်အရေအတွက်ကတော့ ၄၁၄၃ ဦးရှိပါ တယ်။ အမရပူရမြို့နယ်မှာတော့ မဲရုံပေါင်း ၁၀၀ ရှိပါတယ်။ မှန်တန်းရပ်ကွက်မှာတော့ မဲရုံ ၁၁ ရုံ ရှိပါတယ်။ မဲလာရောက်ပေးတဲ့သူတွေ အဆင်ပြေစေဖို့ တာဝန်တွေထပ်တိုးပြီး ဆောင်ရွက်ပေးထားပါတယ်။ ပြည်သူတွေအတွက် ရေသန့်ဘူးတွေနဲ့ မုန့်တွေလည်းစီစဉ်ပေးထားပါတယ်။ ဒါကြောင့် မဲရုံမှာ ပြည်သူများစိတ်အေးချမ်းသာစွာနဲ့လာရောက်မဲပေးနေကြပါပြီ” ဟု အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ မဲရုံအမှတ် (၇) တွင် တာဝန်ကျသည့် မဲရုံမှူး ဒေါ်အိအိသိမ့်က ပြောပြသည်။
ယခုရွေးကောက်ပွဲတွင် မဲမသမာမှုများ ကင်းစင်စေရန်နှင့် မဲပေးမှုလုပ်ငန်းစဉ်များ ပိုမိုတိကျမြန်ဆန်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့နှစ်သက်သည့် နိုင်ငံရေးပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်းကို လွယ်ကူလျင်မြန်စွာ ဆန္ဒမဲပေးနိုင်ခဲ့ကြသည်။
“ဆန္ဒမဲပေးရတာ အဆင်ပြေပါတယ်။ မဲပေးတဲ့နေ့မှာ အလုပ်ရှိနေလို့ မနက်အစောကြီးထပြီး မဲအရင်လာပေးတာဖြစ်ပါတယ်။ မဲပေးတဲ့စက်နဲ့ မဲပေးရတာမို့ အဆင်ပြေပါတယ်။ အခက်အခဲမရှိပါဘူး။ မဲပေးပြီးတော့ စိတ်ထဲမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေတဲ့ ခံစားမှုမျိုးရပါတယ်။ ကိုယ်မဲပေးခဲ့သူတွေ ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရရင် နိုင်ငံနဲ့ပြည်သူအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ မဲပေးခဲ့တဲ့ လက်သန်းမှာ မင်စွန်းနေတာကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်” ဟု မဲလာရောက်ပေးသည့် မမေမီဝင်းက ပြောသည်။
ထိုသို့ ပြည်သူများ ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ် အဆင်ပြေချောမွေ့လျင်မြန်စေရန်အတွက် မဲရုံအမှတ်၊ မဲရုံအမှတ်စဉ်များ ကြိုတင်ဖြန့်ဝေပေးခြင်း၊ တာဝန်ရှိသူများက Tablet ဖြင့် ရှာဖွေပေးခြင်းနှင့် မဲစာရင်းစစ်ဆေးရာတွင် ကြန့်ကြာမှုမဖြစ်စေရေး အတန်းလိုက်၊ တာဝန်ခွဲဝေ၍ ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည့်အတွက် မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေး နိုင်ခဲ့သည်ကိုလည်း တွေ့မြင်ရသည်။
“ဒီနေ့ လာရောက်မဲပေးတဲ့အခါမှာ မဲပေးစက်နဲ့ စနစ်တကျခလုတ်ကလေးနှိပ်ပြီး အဆင်ပြေစွာနဲ့ မဲပေးခဲ့ရပါတယ်။ မဲပေးစက်အပေါ်မှာလည်း ယုံကြည်မှုအပြည့် အဝရှိပါတယ်။ မဲပေးပြီးတဲ့အခါ ကျွန်မတို့မြန်မာနိုင်ငံကြီး အေးချမ်းသွားဖို့ဆိုတဲ့ စိတ်ဖြစ်ပေါ် လာတဲ့အတွက် စိတ်ထဲမှာပေါ့သွားသလို ခံစားရပါတယ်။ မဲပေးတဲ့လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ရတာလည်း အဆင်ပြေပါတယ်။ မင်စွန်းနေတဲ့ လက်သန်းကိုကြည့်ပြီး ဂုဏ်ယူမိပါတယ်” ဟု မဲလာရောက်ပေးသည့် ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။
သက်ဆိုင်ရာမဲရုံများအလိုက် ပြည်သူများ ဆန္ဒမဲပေးကြပြီး မဲရုံများပိတ်သိမ်းပြီးသည့်အခါ မဲပေးစက်မှထွက်ရှိလာသောရလဒ်များကို သက်ဆိုင်ရာမဲရုံအသီးသီးတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များ၊ ပြည်တွင်းမှ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်သူများ၏ ရှေ့မှောက်၌ မဲရေတွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည်။
“ကျွန်တော့်အတွက် ပထမဆုံးမဲပေးရတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့် မဲပေးရတာ ဝမ်းသာမိပါတယ်။ မဲပေးစက်နဲ့ မဲပေးရတာ အဆင်ပြေသလို တာဝန်ရှိသူတွေက လိုအပ်တာကို ကူညီဆောင်ရွက်ပေးပါတယ်။ မဲပေးစက်အပေါ်မှာလည်း ယုံကြည် မှုရှိပါတယ်။ ဒီနေ့မဲပေးပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်သွားပြီလို့ ခံစားလိုက်ရပါတယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ ကိုယ်မဲပေးလိုက်တဲ့ ကိုယ်စားလှယ်အနိုင်ရသွားခဲ့ရင် နိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားကဏ္ဍတွေ တိုးတက်အောင် ဆောင်ရွက်စေလိုပါတယ်။ နိုင်ငံကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု မဲလာရောက် ပေးသည့် ကိုခန့်ဟိန်းက ပြောသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသား လူမျိုးလွှတ်တော်နေရာတို့အတွက် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။
မောင်အေးချမ်း
သတင်းစာများ - ၃၄၀၈ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
