မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး ငါးဦးတို့ ထိခိုက်ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး ငါးဦးတို့ ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 24, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး ငါးဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၂ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း မြို့နယ်၊ ရွှေကံကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၃၄၂ မိုင် ၁ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေတောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မိတ္ထီလာမြို့မှ မန္တလေးမြို့ဘက်သို့ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ ဦးသိန်းစိုး(၃၀)နှစ် မောင်းနှင်လာသည့် MDY-20/5M-XXXX HYUNDAI STAREX ခရီးသည်တင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ၎င်းအရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်း၌ ရပ်တန့်ထားသည့် SHN-27/ 7L-XXXX MITSUBISHI FUSO ၂၂ ဘီး မော်တော်ယာဉ်နှင့် ၎င်းမော်တော်ယာဉ်အား ပြုပြင်နေသည့် မြစ်သားမြို့နယ်၊ ဘူတာရပ်ကွက်နေ ဦးအောင်ဖြိုး(၄၃)နှစ်၊ ရွှေသူဌေးကျေးရွာနေ ဦးထက်နိုင်ဖြိုး (၃၃)နှစ်နှင့် ငါးဆူကျေးရွာနေ ဦးရဲဝင်းစိုး(၃၀)နှစ်တို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးအောင်ဖြိုးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဦးထက်နိုင်ဖြိုး၊ ဦးရဲဝင်းစိုးနှင့် HYUNDAI STAREX ခရီးသည်တင် မော်တော်ယာဉ်ပေါ်ပါ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ် ကွက်နေ မခင်ထွေးမွန်(၂၉)နှစ်၊ ရမည်းသင်းမြို့နယ်၊ ဗျဉ်းကပ်ကျေးရွာနေ ဒေါ်ညိုစိမ့်(၄၄)နှစ်၊ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ နေသူများဖြစ်သည့် ဦးစိုးလွင် (၆၀)နှစ်နှင့် ဒေါ်သန်းဌေး(၅၀)နှစ်၊ မြစ်သားမြို့နယ်၊ မြနဒီကျေးရွာနေ မမော်မော်ထွေး(၂၂)နှစ်၊ ကျောက်ဆည်မြို့နယ်နေ ဒေါ်လှလှ(၇၅)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် သိန်းစိုး အား ရွှေတောင်နယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၄၈၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
