မန္တလေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေး အားပေးဆောင်ရွက်
မန္တလေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေး အားပေးဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 07, 2025

နေပြည်တော် ဇူလိုင် ၆
အသေးစား၊ အငယ်စားနှင့်အလတ်စားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသောဈေးကွက်ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့်ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးရှိ ပုဂ္ဂလိကမွေးမြူရေးခြံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ် မကျီးကိုင်းကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးမျိုးထိုက်ဇော်၏ အလုံပိတ်အအေးခန်းစနစ်ဖြင့် ဥစားကြက်အကောင်ရေ ၂၈၅၀၀ မွေးမြူထားရှိမှုနှင့် စားသုံးသူဈေးကွက်သို့ တစ်ရက်လျှင် ကြက်ဥ ၂၆၀၀၀ ကျော် ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရှင်းလင်းဆောင်တွင် ဒေသခံမွေးမြူရေးတောင်သူများ၏ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေမှု တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှုအခွင့်အလမ်းများ၊ ဇီဝလုံခြုံရေးအလေးထားဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာရှိ သဘာဝတောင်တန်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ် ရေးခြံသို့ ရောက်ရှိပြီး ဒိန်ချဉ်၊ နို့အေး၊ ပူတင်းနှင့် နို့ပေါင်းထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စားသုံးသူဘေးကင်းလုံခြုံရေးနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း (ပုသိမ်ကြီး) သို့ ရောက်ရှိပြီး ပုသိမ်ကြီး၊ ရွှေဘိုနှင့်လုံပိကျောင်းများမှ တက်ရောက်ပညာသင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူ ၄၄၄ ဦးအား တွေ့ဆုံ၍ သင်ကြားရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လက်တွေ့လုပ်ငန်းခွင် ကျွမ်းကျင်သူလူသားအရင်းအမြစ်များ စနစ်တကျမွေးထုတ်ပေးနိုင်ရေးအတွက် ဆရာတပည့်ဟန်ချက်ညီ ကြိုးပမ်းသွားကြရန်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ဆွေးနွေးမှာကြားပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်၍ သင်ထောက်ကူ နွား၊ ဆိတ်နှင့် ဝက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ တိရစ္ဆာန်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၁၆ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။
