မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့သို့ ဆက်သွယ် ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2025


   PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိကြရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-မန္တလေးသွားကားလမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတား တစ်စင်းဖြစ်သည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

   အဆိုပါ တံတားသည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် တံတား တစ်စင်းဖြစ်ပြီး အဆိုပါတံတားအား အောက်တိုဘာ ၂၉ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ရေလယ်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင် လည်းကောင်း ကျိုးကျပျက်စီးခဲ့ကြောင်း ထိုသို့ အကြမ်းဖက်သမားများ၏ အမြော်အမြင်မဲ့စွာ ဆင်ခြင်မှုမရှိသော ဖျက်လိုဖျက်ဆီး လုပ်ရပ်များကြောင့် ယခုအခါ မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိကြောင်း သိရှိရသည်။

   ဧရာဝတီတံတား(ရတနာသိင်္ခ)သည် တံတားအရှည် ပေ ၂၄၈၀ (သံကူကွန်ကရစ်တံတား)၊ တံတားအကျယ် ၂၅ ပေ၊ လူသွားလမ်း ဘယ်၊ ညာ သုံးပေရှိပြီး တံတားဆောက်လုပ်ရေးအထူးအဖွဲ့-၁၄ မှ ၂၀၁၀ ပြည့်နှစ်၊ ဧပြီ ၁၆ ရက်တွင် စီမံကိန်းစတင်ကာ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

   ယခုအခါ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက ဒေသတွင်း ကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ လူအခွင့်အရေး များစွာ ဆုံးရှုံးအောင်လုပ်ဆောင်နေကြသည့်အပေါ် ဒေသခံပြည်သူများက သိရှိနားလည် သဘောပေါက် လာကြပြီဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ရွံရှာမုန်းတီးစွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါတံတားအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၃၃၄ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download