မန်းရွှေစက်တော်ရာဘုရားကြီး၌ ရုံးပိတ်ရက်ရှည်ကာလအတွင်း ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့
မန်းရွှေစက်တော်ရာဘုရားကြီး၌ ရုံးပိတ်ရက်ရှည်ကာလအတွင်း ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 18, 2026
မင်းဘူး ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီးတွင် ယနေ့အထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွား ပြည်သူ ၃၀၀၀၀ ခန့် လာရောက်ခဲ့ပြီး တည်းခိုဆောင်အခန်းများ ပြည့်သည်အထိစည်ကားခဲ့ကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ထံမှသိရသည်။
ဘုရားဖူးပြည်သူ ၃၀၀၀၀ ခန့် လာရောက်ဖူးမြော်
မန်းရွှေစက်တော်ရာ ဘုရားပွဲ တော်ကြီးကို နှစ်စဉ်ပုံမှန်ကျင်းပမြဲဖြစ်သော တပို့တွဲလဆန်း ၅ ရက် ကစပြီး မြန်မာနှစ်ဆန်း ၁ ရက် အထိ (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ) ရက် ပေါင်း ၈၆ ရက်ကြာ ကျင်းပလျက် ရှိကြောင်း၊ ပွဲတော်ကာလ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက် ရှည်များအပါအဝင် ဖေဖော်ဝါရီ ၁၆ ရက်အထိ ဘုရားဖူးပြည်သူ ၃၀၀၀၀ ခန့် လာရောက်ဖူးမြော်ခဲ့ကြောင်း၊ ဘုရားဖူးပြည်သူများ အား တည်းခိုဆောင်များတွင် စိတ် အေးချမ်းသာစွာ တည်းခိုနားနေ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ခရီးသွားကားများအပြင် ကိုယ်ပိုင်ကားများဖြင့် လာရောက်ကြောင်း၊ နေ့စဉ် ယာဉ်ဝင်ထွက်မှုအနေဖြင့် ကားအစီးရေပေါင်း ၅၀ နှင့် ၁၀၀ ကြားရှိပြီး ယခင်နှစ်ဘုရားပွဲတော် ကာလထက် ယခုနှစ်တွင် ထူးထူးခြားခြား ပို၍စည်ကားခဲ့ကြောင်း၊ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် ယခုတစ်ပတ် အစိုးရရုံးပိတ်ရက် ရှည်ကာလများတွင် တည်းခို ဆောင်အခန်းများ ပြည့်သည်အထိ လာရောက်ခဲ့ကြပြီး Grade-12 တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန်တွင် ဘုရားဖူးခရီးသွားများ ယခုထက်ပိုမိုစည်ကားနိုင်ကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုကပြော ကြားသည်။
သင်္ကြန်ရုံးပိတ်ရက် ကာလ များတွင် အစည်ကားဆုံးဖြစ်
မန်းရွှေစက်တော်ရာ ဘုရားကြီး၌ ဘုရားပွဲတော်ကျင်းပစဉ် ကာလတစ်လျှောက် ပွဲတော်ဖွင့်ပွဲ ရက်၊ တပို့တွဲလပြည့်နေ့၊ တပေါင်းလပြည့်နေ့နှင့် တန်ခူးလမဟာ သင်္ကြန်ရုံးပိတ်ရက်ကာလများတွင် နှစ်စဉ်နှစ်တိုင်း အစည်ကားဆုံးဖြစ်ကာ ယခုနှစ်ဘုရားပွဲတော်ကာလတွင် အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မန်းရွှေစက်တော်ရာဘုရားကြီးအနီးရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံများက ရှေးရိုးရာအစဉ်အလာမပျက် လှည်းယာဉ်တန်းများဖြင့် ဘုရားဖူးလာရောက်နိုင်ရေး စီစဉ်လျက်ရှိကြကြောင်း၊ အဆိုပါကျေးရွာမှ လှည်းယာဉ်တန်းများသည် တပေါင်းလပြည့်နေ့မတိုင်မီ ဘုရားဖူးလာရောက်ကြပြီး တပေါင်းလပြည့်ကျော် ၁ ရက်တွင် ပြန်လည် ထွက်ခွာလေ့ရှိသဖြင့် လှည်းဝိုင်းအဖွဲ့များနှင့်တွေ့ဆုံ၍ အမှတ်တရ မှတ်တမ်းရယူခြင်းနှင့် လှည်းယာဉ်တန်းများဖြင့် ဘုရားဖူးသွားရောက်သည့် ရှေးရိုးရာဓလေ့အစဉ်အလာကို လေ့လာလိုသည့် ဘုရားဖူးပြည်သူများအနေဖြင့် တပေါင်း လပြည့်နေ့မတိုင်မီ လာရောက်လည်ပတ်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ မိသားစုကမကွေးမြို့ကနေ နေ့ချင်းပြန်လာကြတာပါ။ ဘုရားရောက်တော့ ခြေတော်ရာနှစ်ဆူကို ဦးခိုက်ဖူးမြော်ပြီး ဘုရားပန်းလှူ၊ ရွှေသင်္ကန်းနဲ့ ဆွမ်းကပ်လှူတယ်။ ပြီးတော့ နဂါးစာကျွေး ကုသိုလ်ပြုပြီး ဘုရားက မျောက်တွေကို အစာကျွေးကြတယ်။ အိမ်ကကလေးတွေ ဘုရားဖူးလည်ပတ်ရင်း ပင်ပန်းထားသမျှ မန်းချောင်းထဲမှာ ရေချိုးပြီး အပန်းဖြေနေတာမြင်တွေ့ရတော့ စိတ်ထဲမှာကြည်နူးပျော်ရွှင်ရပါတယ်” ဟု မကွေးမြို့မှ ဘုရားဖူးလာရောက်သူကိုဇော် ဌေးလှိုင်ကပြောသည်။
“မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားပြီးတော့ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဘုရားဖူးကားနဲ့ အပေါင်းအသင်းတွေနဲ့အတူ ကျွန်မတို့ မိသားစုလိုက်လာကြတာပါ။ ဘုရားပွဲတော်က ဆောင်းအကုန် နွေအကူးကာလဆိုတော့ နွေရဲ့ရသကို ပိုပြီးခံစားရသလို လမ်းတစ်လျှောက်မှာလည်း အပင်တွေက ရွက်ဟောင်းကြွေ ရွက်သစ်ဝေနေတဲ့မြင်ကွင်းက လွမ်းမောဖွယ်ရာ ကောင်းလှပါတယ်။ လာမယ့်နှစ်တွေမှာလည်း မန်းရွှေစက်တော်ကို ကျွန်မတို့ မိသားစုနဲ့အတူ နောက်တစ်ကြိမ် ဘုရားဖူးလာနိုင်အောင် ကြိုးစားသွားမှာပါ ” ဟု ရန်ကုန်မြို့မှ ဘုရားဖူးလာရောက်လည်ပတ်သူ ဒေါ်မြင့်ကြည်ကပြောသည်။
“မန်းရွှေစက်တော်ကို လာ လည်ချင်နေတာကြာပြီ။ ရွှေစက်တော်ဘုရားပွဲကို တစ်ခါမှမရောက်ဖူးသေးလို့ အိမ်က ကလေးတွေနဲ့အတူ ရောက်ဖူးအောင်လာလိုက်တာပါ။ လမ်းခရီးတစ်လျှောက် အေးချမ်းသာယာပြီး ဘုရားကိုရောက်တော့လည်း ရင်ထဲရော စိတ်ထဲမှာပါ အေးချမ်းပျော်ရွှင်ရပါတယ်။ ဘုရားဖူးခရီးသွားရင်း အလှူအတန်းနဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်တယ်။ ဘုရားပွဲဈေး တန်းမှာလည်ပတ်ပြီး မန်းချောင်းထဲရေချိုးရတာ အလွန်ပဲပျော်စရာ ကောင်းပါတယ်။ မန်းရွှေစက်တော်ဘုရားကြီးက အေးချမ်းသာယာပြီး ဘုရားဖူးလည်ပတ်ရင်း ပျော်ရွှင်စရာကောင်းတဲ့ နေရာဖြစ်လို့ ရောက်ဖူးတဲ့သူတွေရော၊ မရောက်ဖူးသေးတဲ့သူတွေရော ဘုရားဖူးလာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးမှ ဘုရားဖူးလာရောက်သူ ဒေါ်ဌေးဌေးလှိုင်ကပြောသည်။
ဘုရားဖူးလာပြည်သူများဖြင့် ပိုမိုစည်ကား
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်များအပါအဝင် (တပို့တွဲ လဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ) ရက်ပေါင်း ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး ယခုနှစ်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)
သတင်းစာများ - ၃၄၄၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
