မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ပွဲတော်များစုံလင်စွာဖြင့် စီစဉ်ကျင်းပမည်
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ပွဲတော်များစုံလင်စွာဖြင့် စီစဉ်ကျင်းပမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2025
 
နေပြည်တော် အောက်တိုဘာ ၃၀
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတော်များနှင့်အတူ တေးဂီတနှင့်ဇာတ်သဘင်ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာ(၂)ရက်မှ(၄)ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်တွင် ဝတ်ရွတ်အသင်းများရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီး (၉၀၀၀)ထွန်းညှိကပ်လှူပူဇော်ပွဲနှင့် LED မီးများဖြင့်အလှဆင်ပူဇော်မှုများအပြင် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ၊ ညမီးကျည်နှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ပြိုင်ပွဲများဖြင့် စီစဉ်ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကိုလည်းထည့်သွင်းကျင်းပမည်ဖြစ်သည်။
ထို့အပြင် ညပိုင်းဈေးရောင်းပွဲတော်ကို MSME ထုတ်ကုန်ဈေးဆိုင်ခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များနှင့် ဈေးဆိုင်ခန်းမျိုးစုံ စုစုပေါင်း (၃၀၀)ကျော်တို့ဖြင့် ဖွင့်လှစ်ရောင်းချကြမည်ဖြစ်ပြီး ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိ၊ ကလေးစီးကားနဲ့ ရထားဝိုင်း၊ ကလေးစီးလှုပ်စိနှင့် ဒုံးစသည့်ကစားနည်းများအပြင် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် ကိုင်ဇာ၊ ဝေလ၊ နေမင်းအိမ်၊ လွှမ်းပိုင်၊ ရွှေထူး၊ ဂျီလတ်၊ ဝေကြီး၊ ဟဲလေး၊ ဖြိုးကြီး၊ ဖော်ဝေး၊ ဂျိုးလေး၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ချယ်ရီသင်း၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်၊ ဆုထက်လှိုင်၊ မိစန္ဒီ၊ သားစိုး၊ သံသာမိုးသိမ့်နှင့် နန်းဆုရတီစိုး စသည့်နာမည်ကြီးအဆိုတော်များက Hi Bird Music Band နှင့် Runner Music Band တို့၏ တီးခတ်မှုနှင့်အတူ ညစဉ်သီဆိုဖျော်ဖြေကြမည်ဖြစ်သကဲ့သို့ နိုင်ငံကျော် ဇာတ်မင်းသားဖိုးချစ်ဇာတ်သဘင်၏ ညစဉ်ကပြတင်ဆက်မှုတို့ဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစာများ - ၃၃၃၄ ခု
 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
                             
                                
