မိမိတို့၏ ကာယ၊ ဉာဏ စွမ်းပကားကို နိုင်ငံနှင့်ပြည်သူအတွက် မှန်ကန်စွာအသုံးချ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 29, 2026
image_latest


ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက MDY-PDF အဖွဲ့ဝင် အင်အား ၁၅၀ ခန့် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။ နောက်ထပ်လည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိလျက်ရှိနေရာ အမြန်ဆုံးပြန်လည်ဝင်ရောက်ကြခြင်းအားဖြင့် တရားဥပဒေ၏ စိုးမိုးမှုအောက်တွင် ပုံမှန်ဘဝများဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။

အဆိုပါ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ကို ယာယီစိုးမိုးနိုင်ခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက သာလွန်အင်အားများဖြင့် လူနေမြို့များ၊ ရွာများကို တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့လက်အောက်သို့ ကျရောက်ခဲ့ရသည့် မြို့ရွာဒေသများမှာ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်မှုဘာတစ်ခုမှရှိမလာသည့်အပြင် မြို့ကောရွာကောများ၊ မြို့ပျက်ရွာပျက်များအဖြစ် ရောက်ရှိသွားကြရသည်။ ဒေသခံပြည်သူများပိုင်ဆိုင်သည့် လူနေအိမ်ခြေအဆောက်အအုံများ ပျက်စီးကြရပြီး ဥစ္စာပစ္စည်းများလည်း ဆုံးရှုံးကြရသည်။ ထိုမျှမက လက်နက်ကိုင် အာဏာပြအနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု၊ တရားမဲ့ပြုကျင့်မှုများစွာတို့ကိုလည်း ဒေသခံပြည်သူတို့ ကြုံတွေ့ခဲ့ရသည်။ အစောပိုင်းကာလတွင် အကြမ်းဖက်သောင်းကျန်းသူတို့၏ ဝါဒဖြန့်ချိမှုများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော် ဝါဒမှိုင်းတိုက်မှုများကြောင့် ၎င်းတို့အား လက်ခံကြိုဆိုခဲ့ကြသည့် ဒေသခံအချို့သည်ပင်လျှင် အကြမ်းဖက်သောင်းကျန်းသူတို့နှင့် နဖူးတွေ့ဒူးတွေ့ တွေ့လာရသည့်အခါ အထင်နှင့်အမြင်တို့ လွဲချော်သွားသည်ကို သိခဲ့ကြရသည်။

တော်လှန်ရေးဟူ၍ အမည်ခံထားသည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ကာလကြာရှည်လာသည်နှင့်အမျှ ၎င်းတို့၏ အပေါ်ယံမျက်နှာဖုံးများ ကွာကျလာကြသည်။ ၎င်းတို့အချင်းချင်းပင်လျှင် ဇာတ်တူသားစားကာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အိမ်ထောင်ရှိသူ မရှောင်၊ အသက်မပြည့်သူအရွယ်၊ ကလေးငယ်အရွယ်မရှောင် အဓမ္မပြုကျင့်မှု၊ သစ်တောများနှင့် ရေနံ၊ ကျောက်မျက်၊ သတ္တုသယံဇာတများကို စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ ခိုးထုတ်မှု၊ လောဘဇောဖြင့် ကိုယ်ကျိုးရှာမှုစသည်ဖြင့် ၎င်းတို့အဖွဲ့အစည်းများအတွင်းမှာပင် ဖုံးမရဖိမရသည့် ပြဿနာများ တိုင်းသိပြည်သိ ပေါ်ထွက်လာခဲ့သည်။

သို့ဖြစ်ရာ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးခဲ့သည့် နေရာဒေသများကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်လာသည့်အခါတွင် ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြသည်။ စိတ်အားထက်သန်စွာ ထောက်ခံအားပေးခဲ့ကြပြီး ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ၎င်းတို့ပြုမူဆောင်ရွက်ခဲ့ကြသည့် မှားယွင်းသောလုပ်ရပ်များအပေါ် စိတ်ပျက်နောင်တရမှုများ၊ ၎င်းတို့အဖွဲ့များအတွင်း အထက်အောက်အဆင့်အတန်းခွဲခြားမှု၊ ဗိုလ်ကျနှိပ်စက်မှု၊ အဓမ္မကျူးလွန်မှု၊ ပင်ပန်းဆင်းရဲမှုများ၊ တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာမှုများ စသည်တို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာကြခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။

ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တို့တွင် ပြည်သူလူထု၏ တက်ကြွစွာပါဝင်မဲပေးမှုနှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ မကြာမီလွှတ်တော်နှင့် အစိုးရအဖွဲ့သစ်တို့ ပေါ်ပေါက်လာခြင်းနှင့်အတူ မိမိတို့နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြောင်းလဲလာလျက်ရှိသည့် အခြေအနေအရပ်ရပ်တို့အရ မိမိတို့၏နိုင်ငံသည် စိန်ခေါ်မှုများရှိသကဲ့သို့ အခွင့်အလမ်းကောင်းများလည်းရှိနေရာ နိုင်ငံအတွက် အဓိကလိုအပ်ချက်မှာ အမျိုးသားစည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသား ပြည်သူအားလုံးပါဝင်သည့် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြရမည်ဖြစ်သကဲ့သို့ ပြည်တွင်းရန် ပြည်ပရန်များမှလည်း ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ရာ မိမိတို့၏ ကာယ၊ ဉာဏ စွမ်းပကားတို့ကို နိုင်ငံနှင့်ပြည်သူအကျိုးအတွက် တန်ဖိုးရှိရှိ မှန်ကန်စွာအသုံးချသွားကြရပါမည့်အကြောင်း။ ။

သတင်းစာများ - ၃၄၂၅ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download