မုံရွာထောင်တွင် ဖမ်းဆီးအကျဉ်းကျခံနေရသော CDM ဝန်ထမ်းများကို ထောင်အာဏာပိုင်များက စစ်ကောင်စီလက်အောက်တွင် တာဝန်ပြန်ထမ်းဆောင်ရန် အကျဉ်းဦးစီးဌာနက ဖိအားပေးစည်းရုံးနေဟု ခေတ်သစ်သတင်းဌာနက သတင်းတု၊ သတင်းမှား ရေးသားဖော်ပြ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 11, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၀

Khit Thit Media အမည် Facebook Page တွင် အောက်တို ဘာ ၆ ရက်က မုံရွာထောင်တွင် ဖမ်းဆီးအကျဉ်းကျခံနေရသော CDM ဝန်ထမ်းများကို ထောင်အာဏာပိုင်များက စစ်ကောင်စီလက်အောက်တွင် တာဝန်ပြန်ထမ်းဆောင်ရန် အကျဉ်းဦးစီးဌာနက ဖိအားပေးစည်းရုံးနေခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှား ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

ဖြစ်စဉ်အား စိစစ်ရာတွင် မုံရွာအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်သား၊ အကျဉ်းသူဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်၍ တရားရုံးက ပြစ်ဒဏ်ပေးထားသော အကျဉ်းသား၊ အကျဉ်းသူများသာရှိပြီး ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊ အကျဉ်းသူများထဲတွင် CDM ပြုလုပ်ထား၍ ပြစ်ဒဏ်ကျခံနေရသည့် ဝန်ထမ်းများအား Non CDM ပြုလုပ်ရန် ခြိမ်းခြောက်၍ လက်မှတ်ထိုးခိုင်းသည်ဆိုသည်မှာ မှန်ကန်မှုမရှိသည့်အပြင် ထောင်တာဝန်ခံအရာရှိသည် ၎င်းကိုယ်တိုင်ရေးသားထားသည့် CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်ပေးရန် အသနားခံစာကို CDM ပြုလုပ်ပြီး ပြစ်ဒဏ်ကျခံနေသော အကျဉ်းသားများအား ၎င်းရုံးခန်းတွင် လက်မှတ်ထိုးခိုင်းသည်မှာ မှန်ကန်မှုမရှိကြောင်း သိရသည်။

ထို့ပြင် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် မည်သည့်အကျဉ်းသားကိုမဆို ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်ပတ်သက်၍ ထောင်တာဝန်ခံအရာရှိအနေဖြင့် ရုံးခန်း၌ခေါ်ဆောင်၍ ဖိအားပေးခြိမ်းခြောက်လက်မှတ်ထိုးခိုင်းခြင်းမျိုးမရှိဘဲ အကျဉ်းထောင်ဥပဒေစည်းမျဉ်း၊ စည်းကမ်းအတိုင်းသာ နေထိုင်ရန် တိုက်တွန်းခဲ့ခြင်းသာရှိကြောင်း သိရသည်။ ထို့ကြောင့် Khit Thit Media အမည်ခံ Facebook Page က ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းနှင့် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် သတင်းတု၊ သတင်းမှားဖော်ပြခြင်းသာဖြစ်သည်။

သစ္စာ

သတင်းစာများ - ၃၀၁၉ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download