မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့ပူးပေါင်း၍ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာအသိပညာမြှင့်တင်ရေးဟောပြောပွဲကျင်းပခြင်း
မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့ပူးပေါင်း၍ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာအသိပညာမြှင့်တင်ရေးဟောပြောပွဲကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / February 19, 2026
မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့ ပူးပေါင်း ၍ “AML/CFT Compliance Awareness Training for Accountants နှင့် CDD ၊ EDD & STR Red Flag Indicator Typologies ” ခေါင်းစဉ်များဖြင့် အသိပညာမြှင့်တင်ရေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ရန်ကုန်မြို့၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း၊ နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း နာယက ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဟောပြောပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီသည် စာရင်းကိုင် များအတွက် ကြီးကြပ်ရေးအာဏာပိုင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည့် ၂၀၂၂ခုနှစ်မှစတင်၍ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာများကို ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ သင်တန်းများ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း၊ အမျိုးသား အဆင့်မဟာဗျူဟာရည်မှန်းချက်များနှင့်အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ Off-Site/On-Site စစ်ဆေးခြင်းစသည်တို့ကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ စာရင်းလုပ်ငန်းများအနေဖြင့် CDD၊ EDD နှင့် STR ပေးပို့မှုများနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များကို ပိုမိုနားလည်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးမည့် “CDD (Customer Due Diligence), EDD (Enhanced Due Diligence) နှင့် STR Red Flag Indicator Typologies” အကြောင်းအရာများသည် စာရင်းလုပ်ငန်း များအတွက် လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့်တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊ စီးပွားရေးလောက ၏ လျင်မြန်သောတိုးတက်ပြောင်းလဲမှုများ၊ နယ်စပ်ဖြတ်ကျော်ငွေလွှဲမှုများနှင့် ဒစ်ဂျစ်တယ်ဘဏ္ဍာရေး စနစ်များအား တိုးချဲ့အသုံးပြုမှုများကြောင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာအန္တရာယ်များသည် ပိုမိုရှုပ်ထွေးလာပြီး ခန့်မှန်းရန်ခက်ခဲလာသည်ကိုတွေ့ရှိရသည့်အတွက် စာရင်းလုပ်ငန်းလုပ်ကိုင်သူများသည် စာရင်းဆိုင်ရာဝန်ဆောင်မှုများပေးခြင်းသာမက AML/CFT အတွက် Gatekeeperများအဖြစ် အရေးပါသောအခန်းကဏ္ဍတစ်ခုကိုထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ စာရင်းလုပ်ငန်းများအနေဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုလုံခြုံစိတ်ချရစေရန်၊ ဥပဒေ စည်းမျဉ်းနှင့်ကိုက်ညီစွာဆောင်ရွက်နိုင်မှုကို မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီ သည့် လုပ်ငန်းပတ်ဝန်းကျင်တစ်ခုတည်ဆောက်နိုင်ရန်ဆွေးနွေးပို့ချသည့် ပညာရပ်များကို လေ့လာ သင်ယူပြီး AML/CFT ဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနယက ဦးကျော်ညွန့်နှင့် အသင်းဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံစာရင်း ကောင်စီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်ဝင်းက CDD ၊ EDD & STR Red Flag Indicator Typologies အကြောင်းအရာကိုလည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးသူရိန်အောင်က “ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသော လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး တွင် စာရင်းစစ်/စာရင်းကိုင်များ၏ တာဝန်ဝတ္တရားများ” အကြောင်းအရာကိုလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။ ဆက်လက်၍ အသင်းဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အလားတူ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်း ရေးအဖွဲ့မှ ရဲမှူးကြီး ဦးမြင့်စိုး က “AML/CFT International Standards and Current Situations” အကြောင်းအရာနှင့် မြန်မာနိုင်ငံစာရင်းကောင်စီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်ဝင်း တို့က ဆက်လက်ဟောပြောဆွေးနွေးသွားမည်ဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ၊ အသင်းသားများ၊ စာရင်းလုပ်ငန်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၁၇၅) ဦး တက်ရောက်ခဲ့ကြသည်။
သတင်းစာများ - ၃၄၄၆ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
