မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 09, 2025
နေပြည်တော် နိုဝင်ဘာ ၈
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး (ခ) ဦးကျော်စွာအောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
လေးစားရပါသော မိဘပြည်သူများခင်ဗျာ ကျွန်တော်ကတော့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီဟာ (၆.၁၁.၂၀၁၂) ခုနှစ်မှာ တောင်သူလယ်သမားကြီး (၂၁) ဦးနဲ့ စတင်ထူထောင်လာခဲ့တဲ့ပါတီဖြစ်ပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းထူထောင်စဉ်က နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ပါတီတစ်ခုရဲ့ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်လို့ ထူထောင်ခဲ့ခြင်း မဟုတ်ပါဘူး။ ရင်ထဲမှာဒို့တောင်သူလယ်သမားတွေရဲ့ ဘဝအမှန်ကို တိုင်းသိ ပြည်သိ ကမ္ဘာသိအောင် လွှတ်တော်ထဲ အရောက်သွားပြီး တင်ပြနိုင်ဖို့နဲ့ ပြောပိုင်ခွင့်သာရှိတဲ့ တောင်သူလယ် သမားဘဝကနေလုပ်ပိုင်ခွင့်ရှိတဲ့ တောင်သူလယ်သမားတွေရဲ့ ပါတီဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒါကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ တောင်သူလယ်သမားပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၂၈၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ တောင်သူ လယ်သမားစစ်စစ်ကြီးတွေဟာ စိတ်ဓာတ်ကသာ ပြင်းထန်ပြီး နိုင်ငံရေးဆိုတဲ့ အတွေ့အကြုံနည်းတော့ ပြေးကားပြေး၏ ပန်းတိုင် မရောက်ဖြစ်ကာ ရွေးကောက်ပွဲအောင်နိုင်ခြင်းမရှိ ဖြစ်ခဲ့ရပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ ကျေးလက်နေပြည်သူဟာ တိုင်းပြည် လူဦးရေ၏ ၇၅ ရာခိုင်နှုန်း ရှိပြီး အားလုံးဟာစိုက်ပျိုး၊ မွေးမြူရေးကို လုပ်ကိုင်နေကြတဲ့ ကျေးလက်နေတောင်သူလယ်သမားများသာ ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် နိုင်ငံသားအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် တောင်သူလယ် သမားများသာ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ တောင်သူလယ်သမားများဟာ ဒီမိုကရေစီလည်း နားမလည်ဘူး၊ ဒီမိုကရက်တစ်လည်း နားမလည်ပါဘူး။ သူတို့ရဲ့ဘဝမှာ စားဝတ်နေရေးနဲ့ပဲ လုံးပန်းနေတော့ ဘာမှမလေ့လာနိုင်ဘူး ဖြစ်နေကြပါတယ်။ ဒါတွေကို ကူညီဖြေရှင်းဖို့ ဘဝတူတောင်သူ လယ်သမားပါတီက ကူညီဆောင်ရွက် သွားမယ်လို့ ပြောကြားပါရစေခင်ဗျာ။
တိုင်းသူပြည်သားအားလုံးဟာ ခေတ်ကျပ်တဲ့ကာလအတွင်းမှာ စီးပွားရေးများအဘက်ဘက်က မလုပ်နိုင်ကြတော့တဲ့အတွက် စားဝတ်နေရေးကျပ်တည်းကြတာ ဘယ်သူမှငြင်းလို့မရကြပါဘူး။ ယခုလာမဲ့ ရွေးကောက်ပွဲအပြီးမှာ အစိုးရသစ် ပေါ်ပေါက်လာတော့မှာဖြစ်တဲ့အတွက် နိုင်ငံရေးအပြောင်း အလဲတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးပြောင်းလဲလာရင် စီးပွားရေးလည်း ကောင်းမွန်လာမယ် ဆိုတာ သေချာပေါက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။ တိုင်းသူပြည်သားအားလုံးဟာ တိုက်ပွဲတွေဖြစ်တာရော၊ နိုင်ငံရေးပဋိပက္ခတွေ ဖြစ်တာရော စိတ်မဝင်စားကြဘူး၊ သူတို့စိတ်ဝင်စားတာ စီးပွားရေး တစ်ခုပဲဆိုတာ သိပါတယ်။ တိုင်းပြည်တည်ငြိမ်မှ စီးပွားရေးကောင်းမွန်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးရင် အရပ်သား အစိုးရတစ်ရပ်ပေါ်ပေါက်လာရင် တိုင်းပြည် တည်ငြိမ်သွားဖို့ သေချာသွားပြီဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ပြည်ထောင်စုတစ်ဝန်းလုံးပြိုင်တဲ့ ပါတီကြီးတစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်စားလှယ်တော်များဟာလည်း လူငယ် လူရွယ်များနဲ့ တကယ့်မြေပြင်မှာ လက်တွေ့လုပ်ငန်း လုပ်ဆောင်တဲ့သူတွေ များစွာပါဝင်ကြပါတယ်။ ရွေးကောက်ပွဲစနစ်ဟာ ဟိုးအရင် တုန်းကလို မဟုတ်တော့ဘဲ FPTP စနစ်၊ PR စနစ်ရောနှောပြီး လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ကျွန်တော့်ပါတီရဲ့ ကိုယ်စားလှယ်များဟာ လွှတ်တော်ထဲကို အထိုက်အလျောက် ရောက်ရှိကြမှာ ဖြစ်ပါ တယ်။
ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပြည်သူတွေအပေါ်မှာ ကိုယ်ချင်းစာစိတ်ထားဖို့၊ ရိုင်းပင်းကူညီဖြေရှင်းဖို့၊ ပြည်သူတွေအပေါ်မှာ စိတ်ရင်းစေတနာ ကောင်းကောင်းထားပြီး သူတို့ရဲ့ ဘဝအခက်အခဲတွေကိုလိုက်ပါ ဆောင်ရွက်ဖို့ပဲ အထူးမှာကြားထားပါတယ်ခင်ဗျာ။
ကျွန်တော်တစ်ခုလောက် တိုင်းသူပြည်သားတွေကို တင်ပြလိုပါတယ်။ အဲဒီအချက်ကတော့ အရေးကြီးဆုံးဖြစ်တဲ့ ဆင်းရဲမွဲတေမှုဆိုတဲ့ တိုင်းပြည်ရဲ့ ဘုံရန်သူကို တိုက်ထုတ်ပစ်ရမှာဖြစ်တယ်။
လူဆင်းရဲရင် စိတ်ဆင်းရဲမယ်၊ စိတ်ဆင်းရဲရင် အမြင်မကြည်လင်တော့ဘူး၊ အမြင်မကြည် ရင် ရန်လိုလာတယ်၊ ရန်လိုလာရင် ငြိမ်းချမ်းမှု ဟာ ပျောက်ကွယ်သွားကြပါတယ်။
ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်ပစ်ရမှာလဲလို့ဆိုရင် ကျွမ်းကျင်သူတွေနဲ့ ပေါင်းစည်းပြီး တိုက်ဖို့လို ပါတယ်။ ကျွမ်းကျင်သူဆိုတာ သူ့နေရာ၊ သူ့ဌာနကို ကျွမ်းကျင်တတ်မြောက်ထားတဲ့သူတွေကို ခေါ်ပါတယ်။
လယ်သမားက လယ်စိုက်တာကို ကျွမ်းကျင်တယ်
စစ်သားက စစ်တိုက်တာကို ကျွမ်းကျင်တယ်
အလုပ်သမားက စက်ရုံ၊ အလုပ်ရုံကိစ္စတွေကို ကျွမ်းကျင်တယ်
ကုန်သည်က အရောင်းအဝယ်ကို ကျွမ်းကျင်တယ်
ဘယ်လုပ်ငန်းမဆို ကျွမ်းကျင်မှ အကျိုးပေးတာဖြစ်ပါတယ်။ ဒါတွေကို လူမှန်နေရာမှန်ပြန်ဖြစ်အောင် နေရာချနိုင်ရင်ကျွန်တော်တို့ တိုင်းပြည် ချမ်းသာသွားမယ်ဆိုတာ သဘောပေါက် စေလိုပါတယ်။
နိုင်ငံရေးဆိုတာ အထွေအထူးမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ပြောသွားဖူးပါတယ်။ နိုင်ငံရေးဆိုတာပြည်သူလူထု နိစ္စဓူဝ ဖြစ်တဲ့ စား၊ ဝတ်၊ နေရေးကို အကျိုးရှိအောင်ဆောင်ရွက်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ကျွန်တော်တို့နားလည် သင်ကြားခဲ့ရတာလည်း နိုင်ငံရေးဆိုတာ လူမှုရေး + စီးပွားရေး = နိုင်ငံရေးလို့ သင်ယူခဲ့ရတာပါ။
လူမှုရေးဆိုတာ အများပြည်သူတို့ရဲ့ဘဝကို ကူညီဆောင်ရွက်ရမယ်၊ ကယ်ဆယ်ရမယ်၊ ရိုင်းပင်းရမယ်၊ မျှတရမယ်ဆိုတဲ့ ကိုယ်ချင်း စာစိတ်မွေးပြီး လုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။
စီးပွားရေးဆိုတာကလည်း မိမိဘဝမြင့်မားတိုးတက်အောင်၊ မိမိ ပတ်ဝန်းကျင်မြင့်မားတိုးတက်အောင်၊ မိမိတိုင်းပြည် မြင့်မားတိုးတက်အောင်၊ စားဝတ်နေရေး အဘက်ဘက်ကမြင့်မားတိုးတက်ပြေလည် အောင်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။
အဲဒီနှစ်ခုပေါင်းမှ လူမှုရေး + စီးပွားရေး = နိုင်ငံရေးဆိုတာ ဖြစ်ပေါ်လာတာပါ။
ဒါကြောင့် နိုင်ငံရေးဆိုတာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူတွေ ဦးဆောင်ပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ နိုင်ငံတော်မှာလည်း နိုင်ငံ့ဝန်ထမ်းများဟာ ပါတီနိုင်ငံရေးကင်းရှင်းရ မယ်လို့ ပြောထားပါတယ်။
နိုင်ငံ့ဝန်ထမ်းများဟာလည်း ပြည်သူကြားကပေါက်ဖွားလာတဲ့ တိုင်းပြည်တာဝန်ထမ်းကြတဲ့ ပြည်သူတွေဖြစ်လို့ သူတို့ရဲ့ဘဝပြည့်စုံဖူလုံဖို့ကလည်း အရေးကြီးလှပါတယ်။ ကုန်ဈေးနှုန်းတွေ တက်လာရင် အရပ်သားပြည်သူတွေအတွက်သာ ဈေးတက်တာမဟုတ်ပါဘူး၊ တိုင်းပြည်တာဝန် ထမ်းဆောင်နေကြရတဲ့ ပြည်သူ့ ဝန်ထမ်းတွေလည်း အတူတူခံကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အလံတံဆိပ်ဟာ နဂါးနီ(၂)ကောင်အပေါ်မှာ လယ်သမားကြီးက မားမားမတ်မတ် ရင်ကော့ပြီး ရပ်နေတဲ့ ပုံစံဖြစ်ပါတယ်။ နဂါးနီ ရဲ့ အဓိပ္ပာယ်ဟာ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင် မယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတာကြောင့် ဆင်းရဲသားများရဲ့ ဘဝ၊ လယ် သမားများရဲ့ ဘဝကို လမ်းပြ ဦးဆောင် ပေးသွားမယ်လို့ အဓိပ္ပာယ်ကောက်ယူလို့ ရပါ တယ် ခင်ဗျာ။
ဒါကြောင့် အခုလာမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ လယ်သမားပါတီ နဂါးနီကို အားပေးကြပါလို့ ပြည်သူလူထု တစ်ရပ်လုံးကို တောင်းဆိုလိုက်ပါ တယ်ခင်ဗျာ။
ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးဟာ ရွေးကောက်ပွဲအပြီးမှာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်အောင်မြင် လာမယ်လို့လည်း ခန့်မှန်းသိရှိရပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ပူးပေါင်းပြီး (BRI) One Belt One Road စီမံကိန်းကြီး လည်း အကောင်အထည် ဖော်ဆောင်ရွက်တော့မှာ ဖြစ်တဲ့အတွက်တိုင်းပြည်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ များစွာပေါ်ထွန်းပြီး ကမ္ဘာ့ဈေးကွက်ကို ချိတ်ဆက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုများရဲ့ အသီး အပွင့်များကို လည်း ခံစားရတော့မှာဖြစ်ပါတယ်လို့ ပြောကြားလိုပါ တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီအနေနဲ့ ပြည်သူတွေကို ကတိပေးနိုင်တာကတော့ တခြား ကိစ္စအရေးများထက် တိုင်းသူပြည်သားရဲ့ မီးဖိုချောင်ကို သေသေချာချာ ကာကွယ်စောင့်ရှောက်ပြီး မိသားစုအားလုံး စားဝတ်နေရေးပြေလည်အောင် ကြိုးစားဆောင်ရွက်သွား ပါမယ်လို့ ပြောကြားရင်းနဲ့ပဲ နိဂုံး ချုပ်အပ်ပါတယ်ခင်ဗျာ။
ပါတီ၏သီချင်းစာသား
နဂါးပါတီ
တေးရေး - ရွှေငြိမ်းမင်း
တေးဆို - ရွှေမန်းခေတ်
(မြန်မာနိုင်ငံ တောင်သူလယ်သမား
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုခဲ့သည် ....
အများတကာညီ တရားမကွာပြီ
နဂါးပါတီ အားသာသည်
ညီညီညာညာ စည်းလုံးခြင်းနဲ့ ပြည်သူအကျိုးကို ထမ်းဆောင်လာကြ သည် ......
စိတ်ထားတူညီမဲပေးကြမည် .......
ဒို့နဂါးပါတီအောင်လံလွှင့်ကာချီ ...)၂
(မင်္ဂလာပါ ပြည်သူအပေါင်းတွေ
သောင်းသောင်းဖြဖြကြိုဆိုနေပြီ… နဂါးပါတီ မေတ္တာတရားနဲ့
တိကျပြတ်သား စိတ်ထားခိုင်မာသည် .... မင်္ဂလာပါ
ပြည်သူအပေါင်းတွေ
သောင်းသောင်းဖြဖြ ကြိုဆိုနေပြီ)....
ဒို့တောင်သူလယ်သမားတွေ
တိုးတက်မှုအား ခန့်ညားထည်ဝါသည်
တိုင်းပြည်လူမျိုး ဆတက်ထမ်းပိုး
ကောင်းစားဖို့ အချိန်ခါရောက်လာပြီ
ဘာသာရောင် သာသနာရောင်တွေ
ဝင်းပထိန်ချီ အများတကာညီ
တရားမကွာပြီ နဂါးပါတီ အားသာသည် ...
ညီညီညာညာစည်းလုံးခြင်းနဲ့ .
ပြည်သူအကျိုးကို ထမ်းဆောင်လာကြသည်
စိတ်ထားတူညီမဲပေးကြမည်
ဒို့နဂါးပါတီအောင်လံ လွှင့်ကာချီ ........၂
သတင်းစာများ - ၃၃၄၃ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
