မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့၌ နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားလေ့ကျင့်နေမှု ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့၌ နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားလေ့ကျင့်နေမှု ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 30, 2026
ရန်ကုန် ဧပြီ ၂၉
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့၌ နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသားဘောလုံးအကယ်ဒမီမြက်ခင်းတုကွင်း၌ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အရ ရက်(၁၀၀)အတွင်း ဆောင်ရွက်ရမည့် Smart School နှင့် Football For School Program အရ မြန်မာ့ဘောလုံး အားကစားဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ စွမ်းအားများ ပိုမိုကောင်းမွန်လာ စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် MFF Summer Football Skills Course 2026 (2nd Batch) နွေရာသီ အခြေခံဘောလုံးအားကစားသင်တန်း ဖွင့်လှစ်ထားရှိမှုနှင့် သင်တန်းသားသင်တန်းသူများကို အခြေခံနည်းစနစ်များ စနစ်တကျသင်ကြားပို့ချလေ့ကျင့်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့သိုင်းသင်တန်းကျောင်း၌ နွေရာသီ မြန်မာ့သိုင်းသင်တန်း တက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများနှင့် လက်ရွေးစင် အားကစားသမားများ၏ ဗိုဗီနမ်၊ ပန်ကြပ်ဆီလတ်နှင့် မြန်မာ့သိုင်း သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးပြီး အခြေခံမှစပြီး စနစ်တကျ သင်ယူလေ့ကျင့်ကစား၍ အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများရရှိကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြရန်မှာကြားပြီး ခင်းကျင်းပြသထားသည့် လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲသုံး အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုစစ်ဆေး၍ မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာ့သိုင်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၁၁ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
