မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ထိုင်းခရီးသွားဧည့်သည်များ အမှတ်တရသစ်ပင်စိုက်ပျိုး၊ ဝန်ကြီးဌာနအားကစားအသင်း အောင်နိုင်ရေးအလံ ပေးအပ်
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ထိုင်းခရီးသွားဧည့်သည်များ အမှတ်တရသစ်ပင်စိုက်ပျိုး၊ ဝန်ကြီးဌာနအားကစားအသင်း အောင်နိုင်ရေးအလံ ပေးအပ်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / December 10, 2024
နေပြည်တော် ဒီဇင်ဘာ ၆
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များ အမှတ် တရ သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များကို ဝန်ကြီးဌာန ၏ ကျောက်စိမ်းခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက်ဝန်ကြီးဌာန၏ website နှင့် web portal တို့တွင် ထိုင်း ဘာသာစကားဖြင့် ရေးသားထားသည့် ခရီးသွားကဏ္ဍအချက်အလက်များကို လွှင့်တင်ထားရှိခြင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် ခရီးသွားပြပွဲများတွင်ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) များ ခေါ်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုခရီးစဉ်ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးသူများနှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် ဧည့်သည်တော်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မြန်မာနိုင်ငံကိုလာရောက် လည်ပတ်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံကောင်းများကို မျှဝေပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ခရီးသွားဆွဲဆောင်ရာနေရာများကို ရိုက်ကူး ထားသည့် မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေး ဗီဒီယိုကိုပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က ထိုင်းခရီးသွားကုမ္ပဏီများ၊ ရုပ်သံလိုင်းမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံသားခရီးသည် များအနက်ကံထူးရှင်အဖြစ် မဲပေါက်သူများကို အမှတ်တရလက်ဆောင်အဖြစ် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ပုံတူဆင်းတုတော်များကို ပေးအပ်ပြီး ထိုင်းခရီးသွား ဧည့်သည်များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အားကစား အသင်း အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန အားကစားအသင်းကို ထောက်ပံ့ငွေများ၊ အားဖြည့်အချိုရည်များ၊ ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများနှင့် အားကစားယှဉ်ပြိုင်မှု အထောက်အပံ့ပစ္စည်းများကို ပေးအပ်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အောင်နိုင်ရေးအလံအား ဒုတိယအမြဲတမ်းအတွင်းဝန်ကို ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အားကစားယှဉ်ပြိုင်မှု အထောက်အပံ့ ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
သတင်းစာများ - ၃၀၂၄ ခု
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download