မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / May 05, 2025
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ ကော်မရှင်လုပ်ငန်းတာဝန်များဆောင်ရွက်လျက်ရှိရာတွင် ကော်မရှင် ၏ ဆောင်ရွက်ချက်များကို ပြည်သူအများသိရှိနိုင်ကြစေရန်အတွက် ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာကို မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ၂၀၂၅ ခုနှစ် မတ်လတွင် ပုံနှိပ်ထုတ်ပြန်ခဲ့ပါသည်။ ယင်း အစီရင်ခံစာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ website ဖြစ်သည့် http://mnhrc.org.mm တွင် လွှင့်တင်ဖော်ပြထားပါသည်။
၂။ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ပညာပေးရေးလုပ်ငန်းများ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ၊ ဥပဒေရေးရာဆောင်ရွက်ချက်များနှင့် ကော်မရှင်ရုံးမှ ဌာန (၆) ခု ဆောင်ရွက်ချက်များ ပါဝင်ပါသည်။ ကော်မရှင်၏ ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး မြှင့်တင် ပညာပေးရေး ဆောင်ရွက်ချက်များတွင် လူ့အခွင့်အရေးသင်ခန်းစာပို့ချမှု အကြိမ် (၇၀)၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားဘာသာ (၉) မျိုး ပြန်ဆိုပုံနှိပ်ထုတ်ဝေခြင်း၊ သတင်းထုတ်ပြန်ချက် များ ထုတ်ပြန်ခြင်း၊ ကော်မရှင်၏ ဆောင်ရွက်ချက်များကို e-newsletter ထုတ်ဝေခြင်းများ ပါဝင်ပါသည်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ တွင် တိုင်တန်းစာများ စုံစမ်းစစ်ဆေးခြင်း၊ ရဲစခန်အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းများ အပါအဝင် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း (၅၅) ခု၊ လူငယ်သင်တန်းကျောင်း (၈) ခု၊ မသန်စွမ်းကျောင်း (၁) ခု၊ ဘိုးဘွားရိပ်သာ (၁၀) ခု တို့သို့ သွားရောက်စစ်ဆေးခဲ့ခြင်းနှင့် တွေ့ရှိချက်များအပေါ် အကြံပြုချက်စုစုပေါင်း (၃၁၄) ချက်ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ခြင်းတို့ ပါဝင်ပါသည်။
၃။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ဝေဖန်အကြံပြုလိုပါက ကော်မရှင်ရုံး အမှတ် (၂၇)၊ ပြည်လမ်း၊ (၆) မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း၊ အီးမေးလ် info@mnhrc.org.mm သို့ လည်းကောင်း ပေးပို့နိုင်ပါသည်။
သတင်းစာများ - ၃၁၅၄ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။
