မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 28, 2025
၁။ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင် ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၂၆-၁၁-၂၀၂၅ ရက်စွဲပါ၊ အမိန့်အမှတ် (၁၀/၂၀၂၅) ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / အကျဉ်းသူ ၇၂၄ ဦးတို့ကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ပြီး၊ အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၂၃၆၁ ဦးကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါသည်။ ထို့ပြင် အမိန့် အမှတ် (၁၂/ ၂၀၂၅) ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် အမိန့်များထုတ်ပြန်ခဲ့ပါသည်။
၂။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၁ တွင် “လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိပြီး လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ အချိန်ကာလ အပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ်ရမည်” ဟု ဖော်ပြပါရှိပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၈ (က) တွင် “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပါသည်။
၃။ ယခုကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းနှင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းတို့ကြောင့် လွတ်မြောက်လာသူများသည် ယင်းတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဖြစ်လာကြကာ မိမိတို့၏ ဆန္ဒသဘောထားများကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် ပုဒ်မ ၅၀၅-က ပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများသည် မိသားစုနှင့် ပြန်လည် ပေါင်းစည်းခွင့်ရရှိပြီး စိတ်အေးချမ်းစွာ ဆန္ဒမဲပေးပိုင်ခွင့်ရရှိကြမည် ဖြစ်ပါသည်။
၄။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ အကြံပြုတိုက်တွန်းချက်များပေးပို့ခြင်းတို့ ဆောင်ရွက်လျက်ရှိရာတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ လွတ်ငြိမ်းသက်သာခွင့်တို့အတွက် ထည့်သွင်းစဉ်းစားရာ၌ ပြစ်မှုအားလုံး တန်းတူပါဝင်စေရေး အကြံပြု ချက်လည်း ပါဝင်ခဲ့ပါသည်။ ယခုကဲ့သို့ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များ ရရှိလာစေသည့်အတွက် နိုင်ငံတော်မှရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် စပ်လျဉ်းသည့်အမှုများအပေါ် လွတ်ငြိမ်းသက်သာခွင့် အမိန့်များ ထုတ်ပြန်ခဲ့မှုကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
သတင်းစာများ - ၃၃၆၃ ခု
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
