မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-ပဲခူး လမ်းပိုင်း၌ ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အမှတ်(၁၅)အဆန်/(၁၆)အစုန် လူစီးရထား စတင်ပြေးဆွဲ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 02, 2024
image_latest


ရန်ကုန် အောက်တိုဘာ ၁

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူစပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ် (၁၅)အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆) အစုန်လူစီးရထားများ စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနအကြီးအမှူးများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှဝန်ထမ်းများနှင့် ရထားစီးခရီးသွားပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့က အမှာစကားပြောကြားကြပြီး မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ ရထားတွဲဆိုင်းအသစ်များ အသုံးပြု၍ ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် အမှတ်(၁၅)အဆန်/ အမှတ်(၁၆)အစုန်အား စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။    

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန် ဘူတာကြီး အမှတ်(၁)စင်္ကြံမှ ယနေ့ စတင်ပြေးဆွဲ ထွက်ခွာသည့် အမှတ်(၁၅)အဆန် ရန်ကုန်-ပဲခူးခရီး စဉ် DEMU ရထားတွဲဆိုင်းအသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လိုက်ပါစီးနင်းကြမည့် ရထားစီးခရီးသည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကြကာ ရန်ကုန်ဘူတာကြီးမှ စတင်ပြေးဆွဲထွက်ခွာသည့် အမှတ်(၁၅)အဆန် DEMU ရထားဖြင့် စီးနင်းလိုက်ပါ ကြည့်ရှုစစ်ဆေးကြသည်။

ယခင်က ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် ပြေးဆွဲပေးလျက်ရှိသော အမှတ်(၁၃)အဆန်/ အမှတ်(၁၄) အစုန် RBE ရထားခရီးစဉ်ကို ယာယီရပ်ဆိုင်း၍ ၎င်း RBE ရထားခရီးစဉ် အချိန်စာရင်းအတိုင်း ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များ အသုံးပြု၍ အမှတ် (၁၅) အဆန်/ အမှတ်(၁၆)အစုန် DEMU ရထား အဖြစ် ပြောင်းလဲပြေးဆွဲသွားရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၁၅)အဆန်ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ညနေ ၇ နာရီ ၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်း ကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့် ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာတို့တွင် ရပ်တန့် ပေးသွားမည်ဖြစ်သည်။ ယင်း DEMU ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း ၈၃၂ ဦး စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစမှအဆုံးထိ တစ်ဦးလျှင် ငွေကျပ် ၂၅၀၀ နှင့် ခရီးတစ်ဝက်လိုက်ပါစီးနင်းပါက ငွေကျပ် ၁၃၀၀ နှုန်းသတ်မှတ်ထားပြီး ၎င်းရထားခရီးစဉ်ကို အောက်တိုဘာ ၂ ရက်မှစ၍ ပြေးဆွဲပေးသွားမည် ဖြစ်သည်။

သတင်းစဉ်

သတင်းစာများ - ၃၄၈၉ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download