မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းဆင်း ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်
မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းဆင်း ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 31, 2026
ဘားအံ - မေ (၃၁)
ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားကောင်းများပေါ်ထွန်း လာစေရေး မြန်မာပြည်ချန်ပီယံဟောင်းများဖြစ်သော ဝမ်းချိုင်း၊ စောငမန်းတို့အပါအဝင် နိုင်ငံကျော်လက်ဝှေ့အားကစား သမားဟောင်း(၁၇)ဦးတို့က နည်းပြအဖြစ်ဆောင်ရွက်ဖွင့်လှစ်သော မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်း(၁/၂၀၂၆) သင် တန်းဆင်းပွဲကို မေလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်အခြေစိုက် လက်ဝှေ့ကလပ် (၂၀)ခုမှ အသက်(၁၅)နှစ်မှ(၂၅)နှစ်ကြား သင်တန်းသား(၈၆)ဦး၊ သင်တန်းသူ (၁၄)ဦး စုစုပေါင်း(၁၀၀)ဦး သင်တန်းဆင်း ခဲ့ကြရာ မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းသား၊သင်တန်းသူများက သတ်(၉)သတ်နှင့် လက်ဝှေ့ရေးပြသခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရိုးရာလက်ဝှေ့၏အခြေခံနည်းစနစ်၊ ခံစစ်၊ တိုက်စစ် အတတ်ပညာများကိုသာမက အားကစားသမားကောင်းတစ်ယောက်တွင်ရှိရမည့် စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲ၊ သည်းခံနိုင်မှုများ ကိုပါ ပူးတွဲလေ့ကျင့်သင်ယူ ခဲ့ကြရပြီး မိမိတို့ရည်မှန်းထားသည့် ဘဝလမ်းခရီးကို ရဲရင့်တည်ကြည်စွာလျှောက်လှမ်းကြကာ လက်ဝှေ့ပညာရပ်ဖြင့် မိမိလူမျိုး၊ မိမိနိုင်ငံကို အကျိုးပြုနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် သင်တန်းသူများအနက်မှ အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်းက (၂)မိနစ် တစ်ချီ ၊ သင်တန်းသားလူဟောင်းများ အနက်မှ တွဲဆိုင်း(၄)ဆိုင်းတို့က (၃)မိနစ် နှစ်ချီဆီ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် က သင်တန်းသား၊သင်တန်းသူများအား သင်တန်း ဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်ပြီး ကရင်ပြည်နယ်မြန်မာ့ရိုးရာလက်ဝှေ့အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦးက သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းကိုပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းနည်းပြများနှင့်သင်တန်း သား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။






သတင်းစာများ - ၃၅၄၁ ခု
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
