ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ နှစ်နိုင်ငံဘက်မှ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေး
ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ နှစ်နိုင်ငံဘက်မှ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 28, 2025
ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်စက်မှုအသင်းများဖြစ်ကြသော UMFCCI နှင့် BelCCI တို့ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ LOTTEE ဟိုတယ်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဝါဝါမောင်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းတို့နှင့် ဘယ်လာရုစ်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maxim RYZHENKOV ဦးဆောင်သည့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်း “Bellegprom” ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဝန်ကြီး၊ စက်မှုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီးတို့ တက်ရောက်အားပေးခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်းလူဦးရေ ၁၃၀ ခန့် တက်ရောက်ကြသည်။
အဓိကထားဆွေးနွေး
ဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက်လမ်းညွှန်ချက် နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာ-ဘယ်လာရုစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆ - ၂၀၂၈) ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်များ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍအလိုက် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများနှင့် EAEU ဈေးကွက်သို့ ချိတ်ဆက်နိုင်မည့်အခြေအနေများကို အဓိကထား ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဘယ်လာရုစ်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maxim RYZHENKOV ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်း “Bellegprom” ဥက္ကဋ္ဌ H.E. Ms. Nade-zhda LAZAREVICH တို့က အမှာစကားများပြောကြားကြသည်။
သဘောတူလက်မှတ်ရေးထိုး
ထို့နောက် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းစာချုပ် ၁၆ စောင်အား အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
ယင်းနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက ကဏ္ဍအလိုက် Powerpoint Presentation ဖြင့် ဆွေးနွေးခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပြီး စီးပွားရေးချိတ်ဆက်ဆွေးနွေးခြင်းများကို ဆောင်ရွက်ကြသည်။ ယနေ့ဆွေးနွေးပွဲတွင် ဘဏ်နှင့်ငွေကြေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးအခြေခံစက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အဓိကဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးညှိနှိုင်း
အခမ်းအနားသို့ တက်ရောက်လာကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် နံနက်ပိုင်း ဖိုရမ်မစတင်မီအချိန်တွင် ဘယ်လာရုစ် နိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်လည်း သီးခြားစီတွေ့ဆုံ၍ မိမိတို့ကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့် အသေးစိတ်အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
မြန်မာ-ဘယ်လာရုစ် ပူးတွဲကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘက်မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maxim RYZHENKOV တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် သီးခြားတွေ့ဆုံကာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တတိယအကြိမ် ပူးတွဲကော်မတီညှိနှိုင်း အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးကိစ္စများအတွက် ဦးတည်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈)နှင့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးဆိုင်ရာကိစ္စရပ်များအပေါ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဘယ်လာရုစ် သမ္မတနိုင်ငံစိုက်ပျိုးရေးနှင့် အစားအစာဝန်ကြီး H.E.Mr. Yury GORLOV နှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးထုတ်ကုန်များနှင့် စားသောက်ကုန်များ အပြန်အလှန်ကုန်သွယ်မှု တိုးတက်ဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံကထွက်ရှိသည့် ဆန်၊ ရော်ဘာ၊ အခွံမာသီး၊ သစ်သီးဝလံနှင့် ကော်ဖီတို့ကို တင်ပို့နိုင်ရေးနှင့် ဘယ်လာရုစ်နိုင်ငံမှ ဒိန်ခဲနှင့် ထောပတ်တင်သွင်းနိုင်ရေးကိစ္စရပ်များကို လည်းကောင်း၊ တင်ပို့ /တင်သွင်း ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
နည်းပညာဆိုင်ရာ ကူညီပံ့ပိုး
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ စက်မှုဝန်ကြီး H.E.Mr. Andrei KUZNETSOV ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အလို့ငှာ ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာ (Memorandum of Intent-MoI) ကို လက်မှတ်ရေးထိုးပြီးဖြစ်ခြင်းကြောင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အဆိုပါ MoI နှင့် Roadmap တို့အပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ အလားအလာရှိသည့် စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသည့် ကင်ဆာရောဂါကုသဆေးဝါးများထုတ်လုပ်နိုင်ရေးနှင့် ကင်ဆာရောဂါ ကုသဆေးဝါးထုတ်လုပ်မှုနည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ သင်ကြားလေ့ကျင့်မှု ကိစ္စရပ်များကိုလည်းကောင်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ MSME ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံ MSME ထွက်ကုန်များ ဈေးကွက်ရရှိရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
သတင်းစာများ - ၃၃၆၃ ခု
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
