ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ တော်ဝိနှင့် ပိန်းဇလုပ်ဘူတာအကြား အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲ
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ တော်ဝိနှင့် ပိန်းဇလုပ်ဘူတာအကြား အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 14, 2024
နေပြည်တော် ဒီဇင်ဘာ ၁၄
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား၊ မိုင်တိုင်အမှတ် ၉၉/၆-၇ နေရာရှိ အစုန်ရထားလမ်းပေါ်၌ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး တော်ဝိနှင့် ပိန်းဇလုပ်ရထားလမ်းပိုင်းအား နံနက် ၆ နာရီ ၂၀ မိနစ်တွင် ယာယီပိတ်ထားကြောင်း သိရှိရသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အစုန်လမ်းရှိ သံလမ်း (၂) ချောင်း (၁) ပေခွဲခန့်စီပြတ်တောက်၍ ရထားလမ်းအောက်ခံမြေသား (၆) ပေပတ်လည်ခန့်ကျင်း ဖြစ်ပေါ်ခဲ့သည်။
မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး တော်ဝိ-ပိန်းဇလုပ် အဆန်လမ်းပိုင်းအား နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဧကလမ်းစနစ်ကျင့်သုံး၍ ရထားများဖြတ်သန်းခွင့်ပြုကာ အစုန်လမ်း၏ ပြတ်တောက်သွားသော သံလမ်း (၂) ချောင်းအားလဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများအား နံနက် ၉ နာရီ ၄၀ မိနစ်အချိန် စတင်ဆောင်ရွက်ခဲ့ပြီး နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်တွင် အစုန်ရထားလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်၍ ရထားများပုံမှန် အတိုင်းပြေးဆွဲပေးလျက်ရှိသည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့်အမှတ် (၉၂၃-A) အဆန်ကုန်ရထားသည် ညောင်လေးပင်ဘူတာသို့ (၀၆:၁၅) နာရီအချိန်တွင်လည်းကောင်း၊ အမှတ် (၉၉၃) အဆန်ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ (၀၆:၂၀) နာရီအချိန်တွင်လည်းကောင်း၊ အမှတ် (၉၂၃-B) အဆန်ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ (၀၇:၁၅) နာရီအချိန်တွင်လည်းကောင်း အသီးသီးရောက်ရှိ ရပ်တန့်ထားခဲ့ရသည်။
ထို့အတူ လူစီးရထားများဖြစ်သော မန္တလေး-ရန်ကုန်အစုန်အထူးလူစီးရထားသည် ပဲနွယ်ကုန်းဘူတာသို့ (၀၇:၅၈) နာရီအချိန်တွင်ရောက်ရှိ၍ (၁၀:၄၀) နာရီအချိန်တွင်ထွက်ခွာသဖြင့် ကြန့်ကြာချိန် (၂) နာရီ (၄၇) မိနစ်၊ အမှတ် (၁၁) အဆန်လူစီးအမြန်ရထားသည် ပြွန်တန်ဆာဘူတာသို့ (၀၈:၂၃) နာရီအချိန်တွင်ရောက်ရှိ၍ (၁၀:၂၅) နာရီအချိန်တွင်ထွက်ခွာသဖြင့် ကြန့်ကြာချိန် (၂) နာရီနှင့် အမှတ် (၂) အစုန်စာပို့ရထားသည် ဒိုက်ဦးဘူတာသို့ (၀၉:၄၅) နာရီအချိန်တွင်ရောက်ရှိ၍ (၁၀:၃၈) နာရီ အချိန်တွင်ထွက်ခွာသဖြင့် ကြန့်ကြာချိန် (၄၈) မိနစ် အသီးသီးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၇၉) ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၇၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆) ကြိမ် ကျူးလွန်ခဲ့ကြသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၀၆၇ ခု
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download