ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုနှင့်အတူ သဘာဝဘေးအန္တရာယ်ကို သတိပြု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 03, 2025
image_latest


မျက်မှောက်ကာလသည် သီတင်းကျွတ်အခါကျော်လွန်၍ တန်ဆောင်မုန်းကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ နောက်ရက်များတွင် ဆီမီးရောင်ထိန်ထိန် ညီးသည့် တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ပွဲတော်ကာလသို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလသည် ပုံမှန်အားဖြင့် ပွင့်လင်းရာသီ ခြေခင်းလက်ခင်းသာယာပြီး ပွဲလမ်းသဘင်များနှင့် ခရီးသွားရာသီကာလဖြစ်သည်။ သို့သော် ရာသီဥတုပြောင်းလဲမှုကြောင့် ပွင့်လင်းရာသီကို ထိခိုက်စေသည့် မိုးသက်လေပြင်းများနှင့် မမျှော်လင့်ဘဲ ကြုံတွေ့ကြရသည်။

မိုးလေဝသဌာနက နိုဝင်ဘာလ ၁ ရက်နေ့ညနေ တိုင်းထွာချက်များအရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း နိုဝင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ် နိုင်သည်ဟု အသိပေးထားသည်။

အချိန်ရာသီမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာသွန်းလာခြင်းသည် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်သည်။ အမှန်တကယ်တွင် မိုးရာသီကုန်ဆုံး၍ ပွင့်လင်းရာသီကာလဖြစ်ရာ ပြည်သူများအဖို့ ခရီးသွားလာလုပ်ကိုင်ဆောင်ရွက်ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲအလှူပွဲများ ပြုလုပ်ကြသည့်အခါဖြစ်သလို တောင်သူလယ်သမားများအဖို့ “တောင်သူရွှင်ပြုံး၊ တန်ဆောင်မုန်း” ဆိုသည့်အတိုင်း တန်ဆောင်မုန်းလတွင် ကောက်စောစပါးများ မှည့်ဝင်းငိုက်တွဲကုန်ပြီဖြစ်၍ ကောက်ရိတ်သိမ်းမှုလုပ်ငန်းခွင် ဝင်ရောက်နေသည့် အချိန်အခါဖြစ်သည်။ ထိုကဲ့သို့ ပုံမှန်ရာသီဥတုဖြစ်စဉ်ကို ပျက်ပြားပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော မိုးသည်းထန်စွာ ရွာသွန်းမှုအခြေအနေများနှင့် ကြုံကြရသည့်အခါ စိုက်ပျိုးသီးနှံများနှင့် လူမှုစီးပွားအခြေအနေများအပေါ် ထိခိုက်လာနိုင်သည်များကို သတိပြု၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖွယ်ရာများကို ပြုလုပ်ကြရမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားရာ ကမ်းရိုးတန်းဒေသတစ်လျှောက်နှင့် ပင်လယ်ပြင်တွင် အသက်မွေးဝမ်းကျောင်းပြုကြသည့် သင်္ဘောများနှင့် တံငါလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် သတိပြုနေထိုင် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရာသီတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်ဖြစ်စဉ်အမျိုးမျိုးတို့ကို ပြည်သူများအနေဖြင့် မိုးလေဝသဌာနမှ အချိန်နှင့်အမျှ ထုတ်ပြန်အသိပေးလျက်ရှိသော သတင်းများကို နားစွင့်လေ့လာပြီး မိမိတို့နေထိုင်လုပ်ကိုင်ဆောင်ရွက်မှုများအား သတိထားဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များသာမက ပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် အပြောင်းအလဲမြန်သည့် ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်လာတတ်သော ရာသီတုပ်ကွေးရောဂါများ၊ ပူခြင်း၊ အေးခြင်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်သော ကျန်းမာရေးထိခိုက်မှုအန္တရာယ်များကိုလည်း ကြိုတင်ကာကွယ်ခြင်းနှင့် မကျန်းမမာ ဖြစ်ပါက နီးစပ်ရာဆေးဌာနများတွင် ကုသကြရန်လိုသည်။

သို့ဖြစ်ရာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်များကို ရှောင်ရှားကြရန်နှင့် ပြည်တွင်းရေကြောင်း၊ လေကြောင်းသွားလာပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆောင်ရွက်ထားနိုင်ရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။

သတင်းစာများ - ၃၃၃၇ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download