ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ ရုပ်မြင်သံကြားပွဲတော်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ ရုပ်မြင်သံကြားပွဲတော်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 19, 2025

ရှီအန်း ဇူလိုင် ၁၈
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ ရုပ်မြင်သံကြားပွဲတော်ကို ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ရှီအန်းမြို့တော်ရှိ Xi’an Chanba International Conference Center ၌ ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများအပြင် လေ့လာသူနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
အဆိုပါအဖွဲ့ကို ၂၀၁၁ ခုနှစ်က တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီရန် ၁၀ နိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုပွဲတော်သို့ လေ့လာသူများအဖြစ် မွန်ဂိုလီးယားနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ အပြင် ဆွေးနွေးဖက်နိုင်ငံများအဖြစ် အီဂျစ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကူဝိတ်၊ ယူအေအီး၊ တူကီယဲ၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ မော်လ်ဒိုက်၊ ကမ္ဘောဒီးယား၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံမှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့ တက်ရောက်သည်။
အဆိုပါ ရုပ်မြင်သံကြားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ရှန်ရှီးပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Zhao Gang က အဖွင့် အမှာစကားပြောကြားပြီး တရုတ်နိုင်ငံ အမျိုးသား ရေဒီယိုနှင့်ရုပ်မြင်သံကြားအုပ်ချုပ်ရေးဝန်ကြီးဌာန ဝန်ကြီး Ms. Cao Shumin က ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် နိုင်ငံများမှ တာဝန်ရှိသူများနှင့်အတူ ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်များ တစ်ပြိုင်တည်း နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ထိုသို့ဖွင့်လှစ်မှုနှင့် တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ ပိုး လမ်းမကြီးမှ မိုင်ပေါင်းတစ်သောင်း ချစ်ကြည်ရေးခရီးစဉ်ကို ယာဉ်ငယ် ၁၂ စီး ခရီးသွား ၄၆ ဦး ပါဝင် သောယာဉ်တန်းဖြင့် တရုတ်နိုင်ငံ ရှီအန်းမြို့မှ SCO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့သို့ စုဖွဲ့ ထွက်ခွာသွားကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသည့်နိုင်ငံများမှ တာဝန်ရှိသူများနှင့်အတူ တရုတ်နိုင်ငံမှ မီဒီယာအဖွဲ့အစည်းကြီးများ ဖြစ်ကြသော People’s Daily, Xinhwa News Agency, CGTN, Xian ရုပ်သံဌာနတို့မှ တာဝန်ရှိသူ များက မိတ်ဆက်ပြောကြားကြ သည်။
မွန်းလွဲပိုင်းတွင် Audio and Video Content Trade Market, Convergence and Communication of Audio Visual Content and Audio - Video Industry Exchange and Cooperation ခေါင်းစဉ်အကြောင်းအရာများဖြင့် Parallel Session များကို နေရာများခွဲ၍ ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နိုင်ငံတကာရုပ်သံများနှင့် မြန်မာရုပ်သံ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား ရှင်းလင်းဆွေးနွေးပြောကြား သည်။
ညပိုင်းတွင် တက်ရောက်လာကြသည့် နိုင်ငံများမှ တာဝန်ရှိသူများသည် ပွဲတော်ကျင်းပရေး တာဝန်ရှိသူများနှင့်အတူ ရှီအန်းမြို့ရှိ OMNI CHANG’AN CONCERT HALL တွင် SCO Night Show ကို Orchestra သံစုံတီးဝိုင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ အဖွဲ့များသည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ရှီအန်းအသံလွှင့်နှင့် ရုပ်သံဌာနကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရှင်ချွိဟန်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ဂူဗိမာန်ကိုလည်းကောင်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၄၀ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
