လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် (၄၇) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / October 31, 2025


မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ်(၄၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသည် ဘွဲ့လွန်သင်တန်းတစ်ခု ဖြစ်ပြီး စာရင်းပညာရှင်အဖြစ်ရပ်တည်ဆောင်ရွက်နိုင်ရေး လေ့ကျင့်သင်ကြားပေးသည့် သင်တန်း တစ်ခုလည်းဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသည့်ဘာသာရပ်များသည် သင်တန်းသားများ၏ ဘဝရပ်တည်ရေးအတွက် အထောက်အကူဖြစ်စေမည်သာမက နိုင်ငံစီးပွားမြှင့်တင်ရေး အတွက်ပါ လက်တွေ့အသုံးချနိုင်သည့် ပညာရပ်လည်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်ရာ၌ သင်ကြားထားသည်များသာမက စာရင်းပညာနယ်ပယ်၏ အသစ် ဖြစ်ပေါ်တိုးတက်မှုများ၊ နည်းပညာရပ်များကို စဉ်ဆက်မပြတ်‌လေ့လာပြီး ကျင့်ဝတ်၊စည်းကမ်း များကိုလိုက်နာသည့် စာရင်းပညာရှင်များဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ စာရင်းကိုင်-၂ ဦးစန်းမင်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အရည်အချင်းစစ်စာမေးပွဲကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့်ရန်ကုန်တို့တွင် တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ပြီး ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများနှင့် ကိုယ်တိုင်လေ့လာဖြေဆိုမည့်သူများ အပါအဝင် နေပြည်တော်တွင် ၄၄ ဦးနှင့် ရန်ကုန်တွင် ၂၀၆ ဦး စုစုပေါင်း ၂၅၀ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဉီး၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်း ကျောင်းများကြီးကြပ်ရေး ကော်မတီဝင်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၃၃၃၅ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download