လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းနှင့်စက်ချုပ်နည်းပညာသင်တန်းဖွင့်
လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းနှင့်စက်ချုပ်နည်းပညာသင်တန်းဖွင့်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 12, 2024
ဘားအံ - စက်တင်ဘာ (၁၂)
ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (ဘားအံ)မှ ဖွင့်လှစ်သည့် အမျိုးသမီးများအတွက်ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်စီမံကိန်း လက်ရက်ကန်းဒီဇိုင်းတီ ထွင်ဆန်းသစ်မှုနည်းပညာသင်တန်းနှင့်စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းကို သင်တန်းသူ(၁၀)ဦးဖြင့် အိန္ဒုကျေးရွာတွင် လည်းကောင်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို သင်တန်းသူ(၁၀)ဦးဖြင့် တောင်ကလေးကျေးရွာတွင် လည်းကောင်း စက်တင်ဘာလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့ထိ ပထမအကြိမ်အဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အနေဖြင့် မိသားစုဝင်ငွေတိုးစီမံကိန်း(၇)ခုကို ပြည်နယ်အသေး စားစက်မှုလက်မှုဦးစီးဌာနမှစီမံကိန်း(၄)ခု၊ ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှစီမံကိန်း (၁) ခု၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)မှ စီမံကိန်း(၂)ခုတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကာ လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရန်အတွက် သတ်မှတ်ချက်နှင့်ပြည့်စုံသော ထူးချွန်သင်တန်းသူ(၅)ဦးကို ရွေးချယ်၍ တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်းဖိုးနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ရင်းနှီးမတည်ပေးသွားမည် ဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက စီမံကိန်းသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က အိန္ဒုကျေးရွာနှင့်တောင်ကလေးကျေးရွာတွင် စီမံကိန်းသင်တန်းများဆောင်ရွက်ရန် အသုံး စရိတ်ငွေကျပ်(၁၂၀)သိန်းစီကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်း သစ်မှုနည်းပညာသင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို ပေးအပ်ပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့် က စက်ချုပ်နည်းပညာသုံးကုန်ကြမ်းပစ္စည်းများကို ပေးအပ်ကာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်ပြည်နယ် လူမှုရေးရာဝန်ကြီးတို့က အိန္ဒုကျေးရွာနှင့်တောင်ကလေးကျေးရွာ စီမံကိန်းအဖွဲ့ခေါင်းဆောင်များအား စီမံကိန်းအင်္ကျီ များပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း နှင့်စက်ချုပ်နည်းပညာသင်တန်း သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးပြီး စီမံကိန်းအဖွဲ့ ခေါင်းဆောင်များ၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း နှင့်စက်ချုပ်နည်းပညာသင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့်လုပ်ငန်းသုံးပစ္စည်းများ၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်း ကျင်သူ(၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လသင်တန်းသူများ၏ လက်ရက်ကန်းချုပ်လုပ်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
သတင်းစာများ - ၃၀၄၄ ခု
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download