လူမှုကွန်ရက်စနစ်ကိုအသုံးပြု၍ တရားမဝင်စီးပွားရေးလုပ်ကိုင်မှုသတိပြု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 18, 2025
image_latest


လူမှုကွန်ရက်များသည် အများပြည်သူတို့ကို အကျိုးပြုနိုင်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ လူမှုကွန်ရက်များသည် ပြည်သူများအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်သလို မသမာသူများက လူမှုကွန်ရက်များကိုအသုံးပြု၍ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ သတင်းတု၊ သတင်းမှားများ ဖန်တီးမှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှုနှင့် အကြမ်းဖက်အားပေးအဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုများကိုလည်း သတိပြုကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာတွင် တိုးတက်ထွန်းကားလာသော နည်းပညာများကိုအသုံးပြု၍ လူမှုကွန်ရက်များပေါ်၌ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူအား ထိခိုက်နစ်နာစေနိုင်သော ဒုစရိုက်လုပ်ငန်းများနှင့် အဖျက်အမှောင့်လုပ်ငန်းများ ပေါ်ပေါက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ဝိသမလောဘသားများအနေဖြင့် ဒုစရိုက်ဂိုဏ်းများ၊ အကြမ်းဖက်အားပေးပြည်ပြေးများနှင့်ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ လောင်းကစားမှုများပြုလုပ်ခြင်း၊ တရားမဝင်ထီနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ ကိုယ်ကျိုးစီးပွားရှာဖွေရန်၊ အကြမ်းဖက်သမားများအား ထောက်ပံ့နိုင်ရန်ပြုလုပ်နေကြသည်ကို တွေ့ရသည်။

နိုင်ငံတော်အစိုးရသည် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ဥပဒေနှင့်အညီဖြစ်စေရေးအတွက် လိုအပ်သည့်အမိန့်များ ထုတ်ပြန်ပေးလျက်ရှိရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကိုလည်း အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို ညွှန်ကြားချက်နှင့်အညီ ရောင်းချခွင့်မှတ်ပုံတင် လက်မှတ်မရှိဘဲ ပြည်တွင်း/ပြည်ပမှ တရားမဝင်ရောင်းချခြင်းကြောင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးလျက်ရှိသည့်အပြင် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေလျက်ရှိသည်။ ပြီးခဲ့သည့်ရက်က အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထီနှင့် ကုန်ပစ္စည်းများရောင်းဝယ်၍ အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိသော DCS (သစ္စာမဲ့ဝန်ထမ်း)နှင့် အပေါင်းပါတစ်စုကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ NUG၊ PDF အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများပြုလုပ်နိုင်ရန်အတွက် လူမှုကွန်ရက်များပေါ်၌ အလှူခံခြင်း၊ တရားမဝင်ဈေးရောင်းချခြင်းနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့်ပစ္စည်းများအားဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်း၊ ငွေကြေးလွှဲပြောင်းခြင်းများ ပြုလုပ်နိုင်ရန်အကူအညီများပေးခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက် နေသူများကိုလည်း ရှာဖွေဖော်ထုတ်၍ အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများက စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း NUG၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အချို့သောအကြမ်းဖက်အားပေးအဖွဲ့များနှင့် ပြည်ပြေးများအနေဖြင့် ဥပဒေမဲ့ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေရှာဖွေ၍ အကြမ်းဖက်အဖွဲ့များ သက်ဆိုးရှည်စေရေးအတွက် ထောက်ပံ့ပေးလျက်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် မသမာသူများ၊ အကြမ်းဖက်အဖွဲ့များ၊ ပြည်ပြေးများနှင့်ချိတ်ဆက်ပြီး ကုန်ပစ္စည်းများဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် အားပေးကူညီနေသူများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။

သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် NUG ၊ PDF အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးကူညီရန်ရည်ရွယ်၍ တရားမဝင်အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသူများနှင့် ဝယ်ယူသူများအား သိရှိရပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုပြုလုပ်နိုင်ရန်အတွက် လူမှုကွန်ရက်များကိုအသုံးပြု၍ တရားမဝင် ဈေးရောင်းချလျက်ရှိသည့် လူမှုကွန်ရက်အကောင့်များနှင့် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများကိုလည်း လုံခြုံရေးအဖွဲ့အစည်းများက ဆက်လက်၍ ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ကို သတိပေးအပ်ပါကြောင်း။ ။

သတင်းစာများ - ၃၂၈၉ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download