လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 04, 2024
image_latest


နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” နှင့် စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”တို့ကို ချမှတ်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၃၀ ရက်နေ့က တွံတေးမွေးမြူရေးဇုန်သို့ သွားရောက်စစ်ဆေးစဉ် “စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ခြင်းဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာရေးကိုလည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ကိန်းဂဏန်းအချက်အလက်များအရ အောင်မြင်မှုရရှိနေသည်၊ အထွက်နှုန်းကောင်းနေသည်ကို ကျေနပ်နေ၍မရဘဲ မြေပြင်လက်တွေ့၌ အမှန်တကယ်အောင်မြင်မှုရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြေပြင်အချက်အလက်များနှင့် ကိန်းဂဏန်းအချက်အလက်များ တူညီမှုရှိစေရေး ဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။

နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များ အောင်မြင်စေရန် တည်ရှိပြီး ရေမြေသဘာဝနှင့် လူသားအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တွံတေးမွေးမြူရေးဇုန်တွင် ဇုန်များအလိုက် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ငုံး၊ ဘဲများကို အသားစား၊ နို့စား၊ ဥစားမွေးမြူထားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ပြည်သူလူထုသက်သာချောင်ချိရေးနှင့် အာဟာရပြည့်ဝသည့် စားသောက်ကုန်များစားသုံးနိုင်ရေး၊ သားငါးထုတ်လုပ်မှုလုံလောက်မှုရှိစေရေးစသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၃ ခုနှစ် ဇွန်လတွင် မြေဧရိယာ ၅၈၁ ဒသမ ၅၄ ဧကပေါ်၌ စတင်အကောင် အထည်ဖော်ခဲ့သည်။ မွေးမြူရေးဇုန်အား အပိုင်းသုံးပိုင်းခွဲကာ မွေးမြူရေးတိရစ္ဆာန်များ မွေးမြူထားပြီး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်ကြပြီး နိုင်ငံတော်အစိုးရက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။

တွံတေးမွေးမြူရေးဇုန်တွင် မွေးမြူရေးတိရစ္ဆာန်များကို လှောင်မွေးစနစ်ဖြင့် စတင်မွေးမြူခြင်းဖြစ်ပြီး ခေတ်မီမွေးမြူရေးစနစ်သို့ ရောက်ရှိစေရန်အတွက် စနစ်တကျမွေးမြူသည့်စနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ မွေးမြူရေးဇုန် စတင်အကောင်အထည်ဖော်ခဲ့သည်မှာ တစ်နှစ်ကျော်ကာလခန့်မျှသာရှိသော်လည်း စနစ်တကျအကောင်အထည်ဖော်နိုင်မှုကြောင့် ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိနေပြီဖြစ်ရာ မျှော်မှန်းထားသည့်အတိုင်း လက်တွေ့အကောင်အထည်ပေါ်လာရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူတို့၏ နေ့စဉ်လူမှုဘဝတွင် အရေးကြီးသည့် စား၊ ဝတ်၊ နေရေး အရေးသုံးပါး၌ စားရေးသည် ပြည်သူများအတွက် နေ့စဉ်နှင့်အမျှ မဖြစ်မနေလိုအပ်သည့် အရေးကြီးကုန်ပစ္စည်း ဖြစ်၍ စားရေးတွင် လုံလောက်ဖူလုံပြီး သက်သာချောင်ချိမှုရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသန္တရမွေးမြူခြင်းစနစ်ထက်ကျော်လွန်ပြီး စီးပွားဖြစ် စနစ်တကျမွေးမြူလုပ်ကိုင်သွားကြရမည်ဖြစ်သည်။ လှောင်မွေးစနစ်မှ စနစ်ကျနသည့် ခေတ်မီမွေးမြူရေးစနစ်ကို ကူးပြောင်းသွားကြရမည်ဖြစ်သည်။ ခေတ်မီမွေးမြူရေးစနစ် ဖော်ဆောင်ရေး၊ မွေးမြူရေးထုတ်ကုန်များကို အဆင့်မီကုန်ချောစနစ်ဖြင့် ထုတ်လုပ်ရေး၊ ရေရှည်အကျိုးစီးပွားနှင့် စဉ်ဆက်မပြတ် ထုတ်လုပ်ရေးကို စနစ်တကျ တွက်ချက်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ထိန်းချုပ်ကာကွယ်ရေးတို့ကို ကြိုတင်တွက်ချက် ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်သည်။ ထိုမှတစ်ဆင့်တက်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဖော်ဆောင်သွားရမည်ဖြစ်ပြီး တန်ဖိုးမြင့်စက်မှုထုတ်ကုန်များကို ထုတ်လုပ်ကာ နိုင်ငံ့စီးပွားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေးအတွက် လှောင်မွေးစနစ်မှစနစ်ကျနသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့ တက်လှမ်းနိုင်ရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး၊ လူမှုဘဝအဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်၏ ပံ့ပိုးကူညီဖြည့်ဆည်းပေးမှုများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၃၀၆၇ ခု

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download