လူမှုစီးပွားဘဝမြင့်မားမြှင့်တင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 02, 2026
image_latest


မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝစွာ ပိုင်ဆိုင်ထားသည်။ သဘာဝအရင်းအမြစ်များစွာအနက် ရေသယံဇာတ၊ မြေသယံဇာတစသည့် သယံဇာတများကို ထိရောက်စွာအသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးအတွက် အရေးပါသည့် လျှပ်စစ်စွမ်းအားများ လုံလောက်စွာထုတ်လုပ်ပေးနိုင်ရန် ရေ၊ နေ၊ လေ၊ ဓာတ်ငွေ့စသည့် သဘာဝအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်၍ ထုတ်လုပ်ပေးလျက်ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ပေးလျက်ရှိရာတွင် အရင်းအမြစ်များအလိုက် ရေအားလျှပ်စစ်အရင်းအမြစ်တွင် စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့အရင်းအမြစ်တွင် စက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးအရင်းအမြစ်တွင် စက်ရုံ နှစ်ရုံ၊ နေရောင်ခြည်သုံးစွမ်းအင်အရင်းအမြစ်တွင် စက်ရုံ ၁၂ ရုံ စုစုပေါင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၇၀ ဖြင့် စက်တပ်ဆင်အင်အား ၆၇၂၅ မဂ္ဂါဝပ်ရှိသည်။ စက်စွမ်းအားပြည့်မောင်းနှင်နိုင်ပါက မဂ္ဂါဝပ် ၄၀၀၀ ခန့် မောင်းနှင်ထုတ်လုပ်ပေးနိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝမထုတ်ပေးနိုင်သဖြင့် နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာအားဖြင့် အပြည့်အဝမပေးနိုင်သေးသည်ကို တွေ့ရမည်ဖြစ်သည်။

အမှန်တကယ်တွင် မြန်မာနိုင်ငံက ပိုင်ဆိုင်ပြီးသားဖြစ်သည့် သဘာဝအရင်းအမြစ်အမျိုးမျိုးရှိသည့်အနက် အများဆုံးအသုံးပြုနေသည့် ရေအားအရင်းအမြစ်များကို အပြည့်အဝအသုံးချနိုင်မည်ဆိုပါက တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားဖူလုံပြီး ပြည်သူများ လူမှုစီးပွားဘဝမြင့်မားတိုးတက်လာမည်ဖြစ်သည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူအမျိုးမျိုးတို့က နိုင်ငံအတွင်းရှိ သဘာဝအရင်းအမြစ်များစွာနှင့် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများကို ဖျက်ဆီးလျက်ရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးတွင် နောက်ကျကျန်နေခဲ့သည်။ လျှပ်စစ်စွမ်းအားအခြေခံအဆောက်အအုံများမှာ ရင်းနှီးမြှုပ်နှံမှုနှင့် အချိန်ကာလယူကာ တည်ဆောက်ရသည့်အတွက် အဖျက်အဆီးများကို သတိပြုရမည်ဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ကျော်ကို လျော့နည်းထုတ်လုပ်ရသဖြင့် တစ်ရက်လျှင် မဂ္ဂါဝပ် ၃၀၀၀ ခန့်သာ ထုတ်လုပ်နိုင်ခဲ့သည်။ လျော့နည်းထုတ်လုပ်ရသောကြောင့် အချို့နေရာများတွင် အချိန်ပိုင်းအလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြုံတွေ့နေရသောအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဖျက်ဆီးခြင်းခံခဲ့ရသည့်ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အလားတူ သဘာဝဓာတ်ငွေ့ LNG မှ လျှပ်စစ်ဓာတ်အားထုတ်ရေးလုပ်ငန်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေး ဆောင်ရွက်နေသောစက်မှုဇုန်များ အချိန်ပြည့်လည်ပတ်နိုင်စေရန် ရည်ရွယ်၍ အချိန်တိုအတွင်းရရှိနိုင်မည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မဂ္ဂါဝပ် ၅၀၀ ရှိ ဓာတ်အားပေးစက်ရုံစီမံကိန်းကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစတင်၍ ဓာတ်အားအပြည့်အဝ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ယခုအခါ တစ်ရက်လျှင် စုစုပေါင်း မဂ္ဂါဝပ် ၃၄၀၀ အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဓာတ်အားပေးခြင်းကို ရပ်ဆိုင်းပြီး တတ်နိုင်သမျှ အချိန်ပြည့်ဓာတ်အားပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ယနေ့အချိန်အထိ ဓာတ်အား ၇၀ ဒသမ ၄၃ ရာခိုင်နှုန်းရရှိပြီး မီးသုံးစွဲသူ ၆၉ သိန်းခန့်ရှိသည်။ နိုင်ငံတော်အနေဖြင့် အခြေခံကျသောပြည်သူများ သုံးစွဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်စရိတ်ထက် နည်းပါးသည့်နှုန်းထားများဖြင့် နှစ်စဉ်စိုက်ထုတ်ကျခံ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ နှစ်စဉ်စိုက်ထုတ်သုံးစွဲနေရသော်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကုန်ကျစရိတ်မြင့်မားသော LNG စနစ်ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ဓာတ်အားထုတ်လုပ်မှုစရိတ်မျှတစေရန် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးနှုန်းထားတစ်ခု ဆောင်ရွက်ရန်ရှိသော်လည်း ပြည်သူလူထုအသုံးပြုသည့်နှုန်းထားများမှာ ယခင်အတိုင်းအပြောင်းအလဲမရှိကြောင်း သိရသည်။

သို့ဖြစ်ရာ ပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများတွင် မျှတစွာ ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံတော်၏ စေတနာကို နားလည်သိမြင်ပြီး နိုင်ငံဖွံ့ဖြိုးရေးတွင် အတူပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၃၄၂၉ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download