လျှပ်စစ်စွမ်းအားတိုးတက်မှု ကုန်ထုတ်တိုးတက်ရန် အကျိုးပြု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 02, 2026
image_latest


လျှပ်စစ်ဓာတ်အားသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသကဲ့သို့ နေ့စဉ်လူမှုစီးပွားဘဝများအတွက်လည်း လွန်စွာအရေးကြီးသည်။ လတ်တလောကာလတွင် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားစုစုပေါင်းထုတ်လုပ်မှုမှာ မဂ္ဂါဝပ်နာရီပေါင်း ၆၂ဝဝဝ ခန့်ဖြစ်ရာ သုံးစွဲမှုလိုအပ်ချက်ပြည့်မီနိုင်ရေးအတွက် နောက်ထပ်ဖြည့်ဆည်းရန် လိုအပ်ချက်များစွာရှိနေသေးသည့်တိုင် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် လိုအပ်ချက်နှင့် ဖြည့်ဆည်းနိုင်မှုတို့ကြား ကွာဟချက်မှာ ပိုမိုကြီးမားလာနေသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အကြီးဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်သည်။ တိုင်းဒေသကြီးအတွင်း နိုင်ငံ့လူဦးရေ၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်းနေထိုင်ကြပြီး တစ်နိုင်ငံလုံးတွင် လူနေအသိပ်သည်းဆုံးနေရာဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ စက်မှုဇုန်ဖြစ်သော သီလဝါအပါအဝင် စက်မှုဇုန်ပေါင်း ၃၀ ခန့် တည်ရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ တစ်နိုင်ငံလုံးသုံးစွဲမှု၏ ထက်ဝက်နီးပါးခန့်ရှိနေပြီး နောက်ထပ်လည်း စက်မှုဇုန်ပေါင်း ၁၀ ခုမကတည်ထောင်ရန် ဆောင်ရွက်လျက်ရှိရာ အနာဂတ်ကာလတွင်လည်း ဓာတ်အားလိုအပ်ချက် မြင့်သည်ထက် မြင့်တက်နေဦးမည်ဖြစ်သည်။ အနီးဆုံးကာလအနေဖြင့် မကြာမီ ကျရောက်လာတော့မည့် နွေရာသီကာလဓာတ်အားသုံးစွဲမှု အများပြားဆုံး (Peak Load) အချိန်များတွင် ဓာတ်အားလိုအပ်ချက်မှာ ပိုမိုများပြားလာမည်ဖြစ်သည်။

လက်ရှိကာလ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ရုံ၊ နေရောင်ခြည်သုံး စွမ်းအင်စက်ရုံ ၁၂ ရုံ စုစုပေါင်း စက်တပ်ဆင်အင်အား ၆၇၂၅ မဂ္ဂါဝပ်ရှိနေသော်လည်း စက်စွမ်းအားပြည့် မမောင်းနှင်နိုင်။ စက်စွမ်းအားပြည့်မောင်းနှင်နိုင်မည်ဆိုပါက မဂ္ဂါဝပ် ၄၀၀၀ ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည်။ သို့ရာတွင် အကြမ်းဖက်အဖျက်သောင်းကျန်းသူတို့က ဖျက်ဆီးခြင်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု လျော့နည်းကျဆင်းလာခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှုမှာလည်း လျော့နည်းကျဆင်းခဲ့ပြီး နေရာဒေသအချို့တွင် ဓာတ်အားဖြန့်ဖြူးမှုကို အချိန်ပိုင်းအလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးခဲ့ရသည်။ သို့ဖြစ်ရာ ဓာတ်အားကို မဖြစ်မနေအသုံးပြုနေရသည့်လုပ်ငန်းများတွင် မီးစက်ကြီး၊ မီးစက်ငယ်များ စသည်ဖြင့် လုပ်ငန်းလိုအပ်ချက်အလိုက် မောင်းနှင်အသုံးပြုခဲ့ကြရပြီး ဓာတ်အားတစ်ယူနစ်ချင်းစီအတွက် ကုန်ကျစရိတ်မှာလည်း ကျပ် ၁၀၀၀ ကျော် ၁၅၀၀ ခန့် ကျသင့်ကြရသည်ဟု သိရသည်။ မှတ်သားသင့်သည့် အချက်တစ်ခုမှာ အာဆီယံနိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများအဖြစ် သတ်မှတ်ထားသည့် CLMV နိုင်ငံများထဲမှာပင် မြန်မာနိုင်ငံ၏ လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းမှာ အနည်းဆုံးဖြစ်နေခြင်းပင်ဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် အရေးကြီးသည့်အလျှောက် စက်မှုဇုန်များ အချိန်ပြည့်လည်ပတ်ပြီး ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် ဟူသောရည်ရွယ်ချက်ဖြင့် ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံတစ်ရုံကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးစီးခဲ့ပြီး မကြာမီ စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခုဖြင့် ရောင်းချသွားမည်ဟု သိရသည်။ လျှပ်စစ်ဓာတ်အားကို အရင်းအမြစ်အမျိုးမျိုးမှထုတ်လုပ်ရာတွင် ရေအားလျှပ်စစ်သည် ထုတ်လုပ်မှုစရိတ်အနည်းဆုံးဖြစ်ပြီး ယင်းနောက်တွင် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ နေစွမ်းအင်စသည်ဖြင့် ထုတ်လုပ်မှုစရိတ်ပို၍ပို၍မြင့်သည့် အရင်းအမြစ်များ တန်းစီရှိနေသည်။ ရေအားလျှပ်စစ်တွင် အားသာချက်များစွာ ရှိနေသော်လည်း ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး စီမံကိန်းကြီးလျှင် ကြီးသလောက် ဆယ်စုနှစ် တစ်ခုစာခန့် ကြာတတ်သည်။ နွေကဲ့သို့သောကာလမျိုးတွင် ရေအားနည်းသည့်အခါ ဓာတ်အားထုတ်လုပ်မှုကို လျှော့ချရသည်။ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမျိုးမှာမူ လုပ်ငန်းအကောင်အထည်ဖော်ရန် မြန်ဆန်သည်။ ဓာတ်အားထုတ်လုပ်မှုတွင် စရိတ်ကြီးမားသော်လည်း ၁၂ရာသီပတ်လုံး တည်တည်ငြိမ်ငြိမ်ထုတ်လုပ်နိုင်သည်။ သို့သော် ရေအားကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်မဟုတ်ဘဲ ကုန်ခန်းသွားမည့် သယံဇာတအရင်းအမြစ်လည်းဖြစ်နေသည်။

ယခုပြီးစီးသွားပြီဖြစ်သည့် LNG ဓာတ်အားပေးစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုလုပ်ငန်းများ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်သည်။ စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးစသည့်အကျိုးကျေးဇူးများလည်း ဖြစ်ထွန်းလာမည်ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းများက ယခင်သုံးစွဲခဲ့ကြသည့် ဓာတ်အားများကို ပြည်သူများက ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်ရာ လျှပ်စစ်ကဏ္ဍ၏ တိုးတက်မှုတစ်ရပ်အတွက် ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုအပ်ပါကြောင်း။ ။

သတင်းစာများ - ၃၄၂၉ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download