လှည်းကူးမြို့နယ် မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များအား အသည်းရောင်အသားဝါ (ဘီ)ပိုး၊ (စီ)ပိုး ရှိ၊ မရှိစစ်ဆေးပေးခြင်းနှင့် (ဘီ)ပိုးကာကွယ်ဆေးထိုးနှံပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 16, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဟာဝိဟာရကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော သံဃာတော်များအား အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)နှင့် Trust Alliance Company တို့ပူးပေါင်း၍ ပထမအကြိမ် အသည်းရောင်အသားဝါ(ဘီ)ပိုး၊ (စီ)ပိုးစစ်ဆေးခြင်းနှင့် ဘီပိုးကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့တက်ရောက်ပြီး ဆရာတော်များအား ဖူးမြော်ကြည်ညို၍သံဃာတော်များ ကာကွယ်ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာဝိဟာရကျောင်းတိုက် စာချနာယက ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)နာယက ဒုတိယဗိုလ်ချုပ် ကြီးအောင်သန်းထွဋ်(ငြိမ်း)၊ ဥက္ကဋ္ဌ ပါမောက္ခဆရာ ဝန်ကြီးဦးကျော်စိုးထွန်းဦးစီး၍ အသည်းအထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် Trust Alliance Company မှတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန လှည်းကူး​မြို့နယ် ပြည်သူ့ဆေးရုံနှင့်ကျန်းမာရေးဌာနတို့မှ ဆရာဝန်ဆရာမများက ဆရာတော် သံဃာတော်အပါး ၇၀၀ အား အသည်းရောင်အသားဝါ (ဘီ)ပိုး၊ (စီ)ပိုး ရှိ၊ မရှိ စစ်ဆေးပေးနေမှုနှင့် (ဘီ)ပိုး ကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)သို့ အလှူငွေပေးအပ်လှူဒါန်းရာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) နာယကနှင့် ဥက္ကဋ္ဌပါမောက္ခဆရာဝန်ကြီးတို့က လက်ခံရယူကြသည်။

ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးနှင့် ခင်းကျင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂၅) ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ သွားရောက်၍ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော မော်တော်ယာဉ်အား Htoo Auto Service နှင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာနတို့က ပြုပြင်ထိန်းသိမ်းမှုနှင့် စမ်းသပ်မောင်းနှင်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး)သို့ ရောက်ရှိစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်များအတွင်း လမ်းညွှန်မှာကြား ချက်များနှင့်ပတ်သက်၍ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)ရှိ တိုင်းကျိုးပြည်ပြုလွှတ်တော် အဆောက်အအုံအတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာပေအထောက်အထားများ၊ အာဇာနည်များ၏ သမိုင်းမှတ်တမ်းအထောက်အထားများအား ခေတ်မီနည်းပညာ အသုံးပြု၍ ကြည်လင်ပြတ်သားမှုရှိစေရေး ဆောင်ရွက်ပြီး ခင်းကျင်းပြသထားမှုကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရုံးထိုင်သည့်နေရာအား မူလအတိုင်း ခင်းကျင်းထားရှိမှုနှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ မူလလက်ရာအတိုင်း စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းမှုများကို စစ်အင်ဂျင်နီယာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားကာ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၄၃ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download