သင်္ကြန်အကြတ်နေ့တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ လာရောက်လည်ပတ်ကြသည့် ပြည်သူများဖြင့် အထူးစည်ကား
သင်္ကြန်အကြတ်နေ့တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ လာရောက်လည်ပတ်ကြသည့် ပြည်သူများဖြင့် အထူးစည်ကား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 16, 2026
နေပြည်တော် ဧပြီ ၁၅
နေပြည်တော်ရင်ပြင်၌ကျင်းပသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်တွင် ယနေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းမှစတင်ကာ လာရောက်လည်ပတ်ကြသူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
နေပြည်တော်လမ်းလျှောက်သင်္ကြန်ရှိ ဝန်ကြီးဌာနမဏ္ဍပ်များ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်သည့် တေးသီချင်းများ၊ အကအလှများဖြင့် ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ကြရာ လာရောက်လည်ပတ်ကြသည့် ပြည်သူများက အတူလိုက်ပါ သီဆိုကခုန်ရင်း သင်္ကြန်အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသည်။
ထို့ပြင် မဏ္ဍပ်များ၌ ပြည်တွင်းမှနိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက DJ, Music Band များနှင့်တွဲဖက်၍ မြူးမြူးကြွကြွ သီဆိုဖျော်ဖြေပေးကြသည့်အတွက် သင်္ကြန်ချစ်သူ ပြည်သူများက နှစ်သက်စွာလိုက်ပါသီဆို ကခုန်အားပေးခဲ့ကြသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာ သနပ်ခါးနှင့် လက်ဖက်ပွဲတော်မဏ္ဍပ်၊ ထမနဲမဏ္ဍပ်များပါဝင်ရာ လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်ကြသည့် လူငယ်များ၊ ပြည်သူများသည် မြန်မာ့သနပ်ခါးကို တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာလိမ်းခြယ်ပေးနေကြသည်ကို တွေ့မြင်ရပြီး မြန်မာ့ရိုးရာသင်္ကြန်နှင့်အတူ ချစ်စရာကောင်းသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုကိုပါ ပေါ်လွင်စေခဲ့သည်။
ထို့အတူ ဝန်ကြီးဌာနအလိုက်မဏ္ဍပ်များတွင် မဏ္ဍပ်အလိုက် မြန်မာ့ရိုးရာ အစားအစာများကို စတုဒိသာအဖြစ် ဧည့်ခံကျွေးမွေးကြသည့်အပြင် သန့်ရှင်းလတ်ဆတ်သော အစားအစာများကို သက်သာသောဈေးနှုန်းဖြင့် ဆိုင်ခန်းများတွင်လည်း ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသုံးကြသည့် ပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့ လာရောက်ကြသည့် ပြည်သူများကို စနစ်တကျ လုံခြုံရေးစစ်ဆေးဆောင်ရွက်ပေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လမ်းများ၌ကြီးကြပ်ပေးခြင်းနှင့် ရေကစားနေစဉ် ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ သင်္ကြန်အကြတ်နေ့၌ နေပြည်တော်ရှိ အများပြည်သူ အနားယူအပန်းဖြေနိုင်သည့် နေရာများတွင် မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် လည်ပတ်အနားယူကြသူများ၊ ရပ်ကွက်၊ ကျေးရွာများရှိ မဏ္ဍပ်ငယ်များတွင် ရေကစားကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများတွင်လည်း သီလဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားခဲ့သည်။
မင်းကျော်စွာ
ဓာတ်ပုံ - ကျော်ကြီး၊ ဖိုးပြည့်စုံ
သတင်းစာများ - ၃၅၀၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
