သတင်းမီဒီယာဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
သတင်းမီဒီယာဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / June 30, 2025
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသည့် သတင်းမီဒီယာအကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်တွင် ကော်မရှင်ရုံး Conference Room ၌ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့သည် နိုင်ငံတော်၏ ဖြစ်ပေါ် တိုးတက်မှုနှင့်အတူ အချိန်ကာလတစ်ခုတည်းတွင် ဖွဲ့စည်းပေါ်ပေါက်လာခဲ့ကြသော ညီနောင်အဖွဲ့များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေနှင့် သတင်းမီဒီယာ ဥပဒေတို့သည် ၂၀၁၄ခုနှစ်၊ မတ်လအတွင်းတွင် ရှေ့နောက်ပြဋ္ဌာန်း အတည်ပြုခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ကော်မရှင်သည် နိုင်ငံတော်အတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေးကို မြှင့်တင်ကာကွယ် စောင့်ရှောက်ရန်နှင့် လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သကဲ့သို့ သတင်းမီဒီယာ ဥပဒေတွင် နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာရေးသား၊ ထုတ်ဝေ၊ ဖြန့်ချိခွင့်ရှိသည့် သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန်နှင့် မီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ ရရှိစေရန် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်ကျင့်ဝတ်နှင့် စည်းကမ်းများ သတ်မှတ် ရေးဆွဲရန် နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်များထားရှိသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မရှင်နှင့် အနီးစပ်ဆုံးတူညီသည့် အချက်တစ်ခုမှာ သတင်းမီဒီယာသမားများသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဆုံးရှုံးမှုဆိုင်ရာကိစ္စရပ်များကို ဖော်ထုတ်ရေးအား အခွင့်ပေးထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကလည်း စတုတ္ထမဏ္ဏိုင်ဖြင့် အသိအမှတ် ပြုထားသည့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍနှင့် သိမှတ်ဖွယ်ရာများကို လာရောက် ရှင်းလင်းပြောကြားသည်ကို ကြိုဆိုပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအခန်းကဏ္ဍတွင် မိမိတို့၏ ညီနောင်အဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ဖော်ထုတ်သုံးသပ်သွားနိုင် မည်ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၉)ပါ သတင်း မီဒီယာမှတစ်ဆင့် သတင်းအချက်အလက်များ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့ဆိုင်ရာ အခွင့်အရေး ဖော်ပြချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုများကို မှတ်သားခွင့်ရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ-၂ ဦးခင်မောင်ကျော်ဒင်က နိုင်ငံတော်နှင့် သတင်းမီဒီယာ၏ အခန်းကဏ္ဍအကြောင်းကိုလည်းကောင်း၊ အတွင်းရေးမှူး ဦးအေးချမ်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒစ်ဂျစ်တယ်နှင့် မီဒီယာအကြောင်း ကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ - ၂ နှင့် အတွင်းရေးမှူးတို့က ပြန်လည်ဖြေကြားခဲ့ကြပြီး ဟောပြောဆွေးနွေးပွဲကို (၁၂း၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် ကော်မရှင်ရုံးဝန်ထမ်း (၈၅) ဦးတက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
သတင်းစာများ - ၃၂၁၀ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
