သံဃိကဒါန ငါးပါးသော အာနိသင်
သံဃိကဒါန ငါးပါးသော အာနိသင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 31, 2025
လူပုဂ္ဂိုလ်တို့ကလှူ၍ ရဟန်းတော်တို့က ဝိနည်းနှင့်အညီ ခင်းခွင့်ရကြသော ကထိန်သင်္ကန်းအလှူသည် မြတ်သောအလှူတစ်ခုပင်ဖြစ်သည်။ ကထိန်ဟူသော မြန်မာဝေါဟာရသည် ကထိနဟူသော ပါဠိမှဆင်းသက်လာခြင်းဖြစ်ပြီး ကထိနသဒ္ဒါသည် ထိရ= မြဲမြံခိုင်ခံ့ ခြင်းဟူသော အနက်နှင့် ကထန= ချီးမွမ်းခြင်းဟူသော အနက်တို့ကို ပြဆိုသည်။
ကထိန်ခင်းသည့်ကာလသည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာလျှင် ကထိန် ခင်းခွင့်၊ ကထိန်လှူခွင့် ရရှိခြင်းဖြစ်ပြီး အခြားတစ်ပါးသော အချိန်ကာလသို့ ပြောင်းရွှေ့၍မရဘဲ ခိုင်မြဲသကဲ့သို့ ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်တို့ရရှိသော အကျိုးတရားငါးပါးတို့မှာလည်း ပြောင်းလဲ ခြင်းမရှိ ခိုင်မြဲသည်။ ထို့အပြင် ကထိန်အလှူသည် ပုဂ္ဂိုလ်တစ်ပါးပါးကို ရည်စူးခြင်းမဟုတ်ဘဲ သံဃာကိုရည်စူး၍ လှူဒါန်းသော သံဃိကဒါနဖြစ်သောကြောင့် ဘုရားအစရှိသော သူတော်ကောင်းများက ချီးမွမ်းကြခြင်းကြောင့် ကထိန= ကထိန်ဟူ၍ ခေါ်ခြင်းပင်ဖြစ်သည်။
ကထိန်အတွက်ရည်ရွယ်၍လှူသည့်သင်္ကန်းသည် ကထိန်သင်္ကန်းဖြစ်ပြီး ဘုရားရှင်ပညတ်ထားသည့် “ဒုကုဋ်၊ ဧကသီ၊ သင်းပိုင်” ဟူသော သင်္ကန်းသုံးထည်တို့တွင် မည်သည့်သင်္ကန်းကိုမဆို ကထိန် လှူခွင့်၊ ခင်းခွင့်ရှိသည်။ ကထိန်သင်္ကန်းသည် ရဟန်းတော်တစ်ပါးပါးက နှုတ်မှထုတ်ဖော်မြွက်ဆို အလှူခံသည့် သင်္ကန်းမျိုးမဖြစ်စေရဘဲ အလှူရှင်၏သဒ္ဓါတရားဖြင့်လှူသည့် သင်္ကန်းဖြစ်ရန်လိုသည်။ ကထိန်အလှူရှင်တို့က လှူသည့်နေ့တွင်ပင် ဝိနည်းတော်နှင့်အညီ ကထိန်ခင်းကြရသည်။ ကထိန်ခင်းထိုက်သည့် ရဟန်းတော်အား သင်္ကန်းကိုပေးသောအခါ သိမ်အတွင်း၌ ဉတ္တိဒုတိယကမ္မဝါစာနှင့် ဖတ်ပြီး ပေးရသည့်သင်္ကန်းဖြစ်သောကြောင့် ကထိန်သင်္ကန်းကို ဉတ်သင်္ကန်းဟူ၍လည်း ခေါ်ကြသည်။
သံဃိကဒါနကထိန်သည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကြိမ်၊ ကျောင်းတိုက်တစ်တိုက်၊ သိမ်တစ်သိမ်အတွင်းမှာသာ ခင်းခွင့်ရရှိခြင်းဖြစ်သည်။ ဤသို့ ခင်းလိုက်ခြင်းအားဖြင့် ရဟန်းတော်များသည် မြတ်စွာဘုရားရှင် ပညတ်ထားသည့် အာဏာဒေသနာတော်ဖြစ်သော ဝိနည်းသိက္ခာပုဒ်များထဲမှ (၅) ခု ကို (၅)လတာမျှ လွတ်ငြိမ်းသက်သာခွင့်ရကြသည်။ ရဟန်းတော်တို့ရရှိသည့် ကထိန်အကျိုး (၅)မျိုးတို့မှာ (၁) အနာ မန္တစာရ- ပင့်ဖိတ်ထားသောဆွမ်းရှိပါလျက် ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ အရပ်တစ်ပါးသို့ သွားသော်လည်း အာပတ်မသင့်ခြင်း၊ (၂) အသမာဒါနစာရ - တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသော သင်္ကန်း သုံးထည် တို့တွင် တစ်ထည်ထည်ကို ထားလိုရာအရပ်၌ ထားကာ သွားသော်လည်း အာပတ်မသင့်ခြင်း၊ (၃) ဂဏဘောဇန- လေးပါး၊ လေးပါးထက်ပိုလွန်သော ရဟန်းတော်တို့ကို ထမင်းစားလာခဲ့ပါ၊ မုန့်စားလာခဲ့ပါစသည့် မအပ်သောဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်း၊ ဘောဇဉ်ကို စားလိုက လိုက်၍စားသော်လည်း အာပတ်မသင့်ခြင်း၊ (၄) ယာဝဒတ္တစီဝရ - များစွာသော သင်္ကန်းတို့ကို အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာမပြုဘဲ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ တပေါင်းလပြည့်နေ့တိုင်အောင် ငါးလကြာသိမ်းဆည်းထားသော်လည်း အာပတ်မသင့်ခြင်း၊ (၅) ယောစတတ္ထစီဝရုပ္ပါဒ - ကထိန် ခင်းပြီးသည့်နောက် ယင်းကျောင်းတိုက်သို့ အခြားကျောင်းတိုက်မှ သံဃာတော်များ လာရောက်သီတင်းသုံးကြသည့်အခါ သံဃာအားလုံးအတွက် လှူဒါန်းထားသည့်သင်္ကန်းကို မူလကထိန်ခင်းထားသော ကျောင်းတိုက်မှ သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်းဟူသော အကျိုး (၅) မျိုးဖြစ်ပြီး ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ၊ ဒကာမတို့မှာလည်း ထပ်တူအကျိုးတို့ကို ထူးခြားစွာ ရရှိခံစားကြရသည်။
ကထိန်ဒါယကာ၊ ဒါယိကာမတို့ ရရှိနိုင်သောအကျိုးတရား (၅) ပါးတို့မှာ - “တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။ တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။ စားလိုရာ များ၊ စားသော်ငြား၊ ဘေးကားမဖြစ်ပြီ။ ပစ္စည်းအများ၊ သိမ်းဆည်း ထား၊ ဘေးကားမရှိပြီ။ ကိုယ့်ပစ္စည်းများ၊ သူတစ်ပါး၊ ယူသွားကင်း လေသည်။ ကထိန်ဒါယကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာရနိုင်သည်။” ဟူ၍ မှတ်သားကာ မွန်မြတ်သော သံဃိကဒါန၊ ကာလဒါနတို့ကို သဒ္ဓါဟုန်အစွမ်းဖြင့် ပင်ပန်းမရှိ လှူဒါန်းလျက် ကုသိုလ်အကျိုးတရားတို့ တိုးပွားနိုင်ကြပါစေကြောင်း။ ။
သတင်းစာများ - ၃၄၈၈ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
