ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / November 21, 2024


နေပြည်တော် နိုဝင်ဘာ ၂၀

ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်း ကျောင်း တည်ထောင်နိုင်ရေးအကြို ညိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်တာဝန်ရှိသူများ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းသက်မွေးပညာ ကဏ္ဍတွင် ဧည့်ဝန်ဆောင်မှုဘာသာရပ်နှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို သက်မွေးပညာရပ် တစ်ခုအဖြစ် ဒီပလိုမာအဆင့်၊ ဘွဲ့ဒီဂရီအဆင့်အထိ ပေးအပ်နိုင်အောင် ရည်ရွယ်ပြီး နိုင်ငံအဆင့် ကျောင်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ကြားမည့် သင်ရိုးညွှန်းတမ်းများကို အာဆီယံအဆင့်စံနှုန်းများ၊ ပညာရေးဝန်ကြီးဌာန၏ National Qualification Framework တို့နှင့်အညီ ပေါင်းကူးသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင် များအားဖိတ်ကြားပြီး အုပ်စုငါးစုဖွဲ့ကာ ဆွေးနွေးရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့်ရလဒ်များဖြင့် လုပ်ငန်းစီမံချက်ရေးဆွဲပြီး အထက်ဌာနများ သို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ယနေ့တက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က နိုင်ငံအဆင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်း တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက် သွားမည့်အစီအမံများ၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပသွားမည့်အစီအစဉ်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲ ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့မှ တက်ရောက်လာကြသော အရာရှိကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာ သက်မွေးသင်တန်းကျောင်း တည်ထောင်ရသည့် ရည်ရွယ်ချက်များနှင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

သတင်းစာများ - ၃၀၀၀ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၊ နိုဝင်ဘာ ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download