ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ကို စနစ်တကျ မြှင့်တင်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာနိုင်


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / December 10, 2024


နေပြည်တော် ဒီဇင်ဘာလ ၅

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Max Hotel ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ အရာရှိ ကြီးများ၊ Nay Pyi Taw State Academy (NSA)၊ မန္တလာတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းသင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွား လုပ်ငန်းဆိုင်ရာသက်မွေးပညာရပ်ကို ဒီပလိုမာအဆင့်၊ ဘွဲ့ဒီဂရီအဆင့်ထိပေးအပ်နိုင်ရန် ရည်ရွယ်ထားရှိပါကြောင်း၊ လက်တွေ့ လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေသူများနှင့် တက္ကသိုလ်အဆင့်ဘွဲ့ဒီဂရီကို ရယူလိုသူ များအား သက်မွေးပညာကဏ္ဍမှ ပေါင်းကူးဆက်သွယ်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် အသက်မွေးဝမ်းကျောင်းပညာရပ်ကို စနစ်တကျ မြှင့်တင်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း၌ ကျွမ်းကျင်လုပ်သားများကို မွေးထုတ် ပေးနိုင်ခြင်း၊ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးပွားလာနိုင်ခြင်းနှင့် အလုပ်လက်မဲ့ ဖြစ်မှုကို‌ လျှော့ချနိုင်ကာ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား၊ စီးပွားရေးနှင့် နိုင်ငံ့ဝင်ငွေမြှင့်တင် ခြင်းတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဧည့်ဝန်ဆောင်မှုနှင့်ခရီးသွားပညာကဲ့သို့ သက်မွေးပညာကျောင်းတစ်ခုကို တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့် ဝန်ကြီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသိအမှတ်ပြုမှုအစီအစဉ် (Accreditation Program) ကို အထောက်အပံ့ဖြစ်စေပြီး ဝန်ကြီးဌာန၏ အသိအမှတ်ပြု ဒီပလိုမာ၊ ဘွဲ့ဒီဂရီများကို ရယူနိုင် မည်ဖြစ်ကာ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ်(MRA-TP)အတွက်အဆင်သင့်ဖြစ်နေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်ထူးက မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်းအခြေအနေ၊ ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့်အခွင့်အလမ်း၊ ဟိုတယ်နှင့် ခရီသွားလုပ်ငန်းဆိုင်ရာ သက်မွေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်း တည်ထောင်ရေးနှင့်စပ်လျဉ်းသော လိုအပ်ချက်များ၊ အဖွဲ့အလိုက်ဆွေးနွေးမည့် ခေါင်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဆွေးနွေးပွဲအစီအစဉ်များအရ အဖွဲ့(၅)ဖွဲ့ခွဲ၍ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အဖွဲ့လိုက်ဆွေးနွေးခြင်း၊ စကားဝိုင်းဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

သတင်းစာများ - ၃၀၂၄ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download