အင်းစိန်ဂျီတီအိုင်၌ EV နည်းပညာ အသိပညာပေးဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပ


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / July 01, 2025


နေပြည်တော် ဇွန် ၃၀

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ် ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ် (EV)ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၂၇ နံနက် ၉ နာရီ၌ ရန်ကုန်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပပြုလုပ်သည့် EV နည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားအဖြစ် နိုင်ငံ့ရေမြေသဘာဝပတ်ဝန်းကျင်တို့ကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်‌ဆောင်နိုင်ရေး၊ ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှုနှင့် စက်သုံးဆီများအတွက် နိုင်ငံခြားငွေသုံးစွဲရမှု လျှော့ချနိုင်ရေးတို့အပြင် မြို့ကြီးများတွင် လေထုအရည်အသွေး ညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန် စေသည့် ဆုလာဘ်များကို EV ကဏ္ဍဖွံ့ဖြိုးပါက တစ်ပါတည်း ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ အားသွင်းစနစ်များ အပါအဝင် သက်တမ်းစေ့သုံးစွဲနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များ၊စံချိန်စံညွှန်းများကို လိုက်နာ၍ အသုံးပြုရမည်ဖြစ်ကြောင်း EV ကဏ္ဍဖွံ့ဖြိုးမှုအတွက် EV Stakeholders အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် EV နည်းပညာ စာအုပ် စာစောင်များကို တာဝန်ရှိသူများ၊ ကျောင်းသားများ၊ EV သုံးစွဲသည့် ပြည်သူများထံ ပေးအပ်ပြီး အခမ်းအနား တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ EV အလုပ်ရုံ၌ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် EV နည်းပညာ အသိပညာပေး ဟောပြောမှုများကို ပြန်လည်မေးမြန်းဆွေးနွေး ကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေ့လယ်ပိုင်း တစ်ဦးစီ ဟောပြောမှုများ၊ အဖွဲ့လိုက် ဆွေးနွေးမှုများနှင့် ဆွေးနွေးမှုရလဒ်များကို ပြန်လည်သုံးသပ်မှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် EV နည်းပညာ အသိပညာပေး ဟောပြောသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များထံ မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ​​​​​​​

သတင်းစာများ - ၃၂၁၀ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download