အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးမြှင့် စီမံခန့်ခွဲမှုသင်တန်း (၁/၂ဝ၂၆) ဖွင့်ပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 07, 2026
image_latest


နေပြည်တော် မတ် ၆

အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးမြှင့် စီမံခန့်ခွဲမှုသင်တန်း (၁/၂ဝ၂၆) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြသည်။

ကြိုးပမ်းဆောင်ရွက်

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများအားလုံး စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် မိမိတို့၏တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အနေဖြင့် မိမိတက္ကသိုလ်၏ လုပ်ငန်း ဆောင်တာများသည် ပထမဦးစားပေးဖြစ်ကြောင်း၊ ဒုတိယဦးစားပေးသည် သင်ရိုးပြင်ပလှုပ်ရှားမှုများဖြစ်ပြီး တတိယဦးစားပေးသည် မိမိတို့၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ကြောင်း၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးသည် နံပါတ်တစ်ဖြစ်သည့်အတွက် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်ကြ‌စေလိုကြောင်း၊ ဆရာကြီး ဆရာမကြီးများ၏တာဝန်သည် မိမိတက္ကသိုလ် သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းရှိ‌ရေး၊ တက္ကသိုလ်အဆင့်မြင့်မားရေး၊ အရည်အသွေးရှိသည့် သုတေသနများ ထွက်ရှိ‌ လာ‌စေရေး၊ မိမိတို့ကျောင်းသားကျောင်းသူများ၏ နောက်ဆုံးနှစ် project based သုတေသနလုပ်‌ဆောင်မှုများသည် အဆင့်အတန်းမီစေရေးကို အလေးထားဆောင်ရွက်‌ကြစေလိုကြောင်း၊ တက္ကသိုလ်တစ်ခုနှင့်တစ်ခု သုတေသနများ အပြိုင်အဆိုင်ဆောင်ရွက်ရာတွင် အရေအတွက်ထက် အရည်အသွေးရှိသည့် သုတေသနများ ထွက်ရှိလာ‌စေရေး ကြိုးပမ်းဆောင်ရွက်ကြ‌စေလိုကြောင်း။

ယခုဖွင့်လှစ်သည့် သင်တန်းသည် ဆရာကြီး ဆရာမကြီးများအတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများကို သင်ကြားပို့ချသွားမည်ဖြစ်ရာ မိမိတို့အတွက် အကျိုးရှိမည့် သင်ခန်းစာများဖြစ်သည့်အတွက် သေသေချာချာ လိုက်နာမှတ်သားကြ‌စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က “အဆင့်မြင့်ပညာ၏ အနာဂတ်ကို ဦးဆောင်ပုံဖော်ရာတွင် ဒုတိယပါမောက္ခချုပ်များ၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချရာတွင် ပညာရေးဝန်ကြီးဌာန၏ Vision, Missions၊ ပညာရေးဥပဒေများနှင့် မူဝါဒများ၊ ဝန်ကြီးဌာန ၁၀ ခုရှိ တက္ကသိုလ်များ၊ တက္ကသိုလ်အင်္ဂါရပ်များ၊ ဆရာဦးရေ၊ ကျောင်းသားဦးရေ၊ ဒုတိယပါမောက္ခချုပ်များ၏ Academic Leadership၊ နိုင်ငံတကာပညာရေးစနစ်များမှ သင်ခန်းစာများ၊ အနာဂတ်တက္ကသိုလ်ဖွံ့ဖြိုးရေး မဟာဗျူဟာများအကြောင်းအရာကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် (ငြိမ်း) ဦးခင်မောင်ဝင်းက နိုင်ငံ့ဝန်ထမ်းဥပဒေအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်က ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပို့ချကြသည်။

အဆိုပါ အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးမြှင့်စီမံခန့်ခွဲမှုသင်တန်း (၁/၂ဝ၂၆) ကို မတ် ၆ ရက်‌မှ ၁၀ ရက်အထိ ၅ ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၃ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download