အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ နယ်ပယ်အားလုံးတွင်မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးဆောင်ရွက်ပေး


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / December 03, 2024


ဘားအံ - ဒီဇင်ဘာ (၃)

“အနာဂတ်မှာအားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မသန်စွမ်းသူများဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရုံသာမ က မသန်စွမ်းသူများသည် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ၎င်းတို့ဘဝကို ၎င်းတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင် ဦးစီး ဦးဆောင်ပြုပြီး ခေါင်းဆောင်နိုင်ရန်အတွက် ပြည်နယ်အတွင်းရှိ အစိုးရဌာနများ၊ ရပ်ရွာလူထုအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက တက်ညီလက်ညီနှင့် ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုမသန်စွမ်းအားကစားပြိုင်ပွဲများအတွက် ကုန်ကျစရိတ်ငွေကျပ် ၄၃ သိန်း ၈ သောင်း ကို ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးထံ ထောက်ပံ့ပေးအပ်ကာ အခမ်းအနားသို့တက်ရောက်လာသူများနှင့် အတူ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှု Video Clip ကိုအတူတကွကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအ မှတ်အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲတွင်ဆုရရှိကြသူများအား ဆုတံဆိပ်ပေါင်း ၄၄ ဆုကိုပေးအပ်ချီးမြှင့်ခဲ့ ကြပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မသန်စွမ်းသူများအတွက်ပညာသင်ယူနိုင်မှုအခွင့်အလမ်းများ၊ အသက်မွေးဝမ်း ကျောင်းပညာဆိုင်ရာသင်ယူမှုအခွင့်အလမ်းများ၊အလုပ်အကိုင်ရရှိရေး၊ကျန်းမာရေး၊ပြန်လည်ထူထောင်ရေး အစရှိသည့် အခွင့်အလမ်းများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး နယ်ပယ်အားလုံးတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများနှင့်စာသင်ကျောင်းများတွင် အသိပညာ ပေးလုပ်ငန်းများ၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဟိုတယ်၊တည်းခိုရိပ်သာ(၁၁)လုံးနှင့်ပြည်နယ်၏အထင်ကရနေရာ များတွင် မသန်စွမ်းခရီးသွားများအတွက် Wheel Chair လမ်းနှင့် Toilet သီးသန့်ဆောင်ရွက်ပေးခြင်း၊ ဂျပန်အကူအညီ ပေးရေးနှင့်ပြန်လည်ထူထောင်ရေးအသင်း(အေအေအာဂျပန်)နှင့်ပူးပေါင်း၍ ဝဲကြီး၊ ကော့သင်းရှူး၊ လှိုင်းထောင်၊ နောင်သရကျေးရွာစာသင်ကျောင်းများတွင် မသန်စွမ်းကလေးများအသုံးပြုနိုင်သည့် လျှောက်လမ်းနှင့်အိမ်သာတို့ကို တပ်ဆင်ဆောင်ရွက်ပေးခြင်းများအပြင် ဘားအံမြို့၊ခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာန၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လမှဩဂုတ်လထိ မသန်စွမ်းအထောက် အကူပြုကိရိယာတပ်ဆင်မှု(၇၈၈)ဦး၊ နယ်လှည့်ခြေတုလက်တုပြုပြင်ပေးမှု (၅၇၀)ဦးနှင့်စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးပေးမှု (၂၄၆)ဦးတို့ကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသော မသန်စွမ်း သူများနှင့်မိဘအုပ်ထိန်းသူများ၊ မသန်စွမ်းအသင်းအဖွဲ့များနှင့်ပြန်လည်ထူထောင်ရေးဌာနများ၊ လူမှုရေးအသင်းအဖွဲ့ များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုမသန်စွမ်းအားကစားပြိုင်ပွဲမှတ်တမ်းဓါတ်ပုံများ၊ ဘားအံခြေတုလက်တုဆိုင် ရာပြန်လည်သန်စွမ်းရေးဌာန(HORC)၏အခမဲ့ဝန်ဆောင်မှုဆောင်ရွက်ပေးနေသောမှတ်တမ်းဓါတ်ပုံများ၊ မသန်စွမ်း အထောက်အကူပြုကိရိယာများအား လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

 

သတင်းစာများ - ၃၀၂၄ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download