အမေရိကန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် Temporary Protected Status (TPS) ပေးထားရာမှ ရပ်ဆိုင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်
အမေရိကန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် Temporary Protected Status (TPS) ပေးထားရာမှ ရပ်ဆိုင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
ဒီနေ့မှာတော့ အမေရိကန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံသားများအပေါ်မှာ TPS (Temporary Protected Status) ပေးထားတာကနေ ရပ်ဆိုင်းလိုက်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ ဒီနေ့အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို TPS ပေးထားတာကနေ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းကြားသိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါမှာ TPS ရပ်ဆိုင်းရတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကို ပြောဆိုထားတာတွေ့ရပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနဲ့ တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားတဲ့ မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာ ပြန်နိုင်ပြီဖြစ်ကြောင်း သုံးသပ်ပြီး ရပ်ဆိုင်းခဲ့တယ်ဆိုတာကို သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ မှတ်ယူပါတယ်။ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများအနေနဲ့ အမိနိုင်ငံကို ပြန်လာလို့ရပါတယ်။ ကြိုဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကတည်းက အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရားဝင်ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ လူသတ်မှု၊ မုဒိမ်းမှု စတဲ့ပြစ်မှုကြီးများ ကျူးလွန်သူများကတော့ တရားဥပဒေအရ တရားရင်ဆိုင်ရမှာဖြစ်ပြီး ကျန်သူများကတော့ အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးသွားပါမယ်လို့ ကြေညာချက်မှာ ပါခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီကြေညာချက်ကြောင့်လည်း ထွက်ပြေးတိမ်းရှောင်သူ တော်တော်များများ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ သူတို့အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံအတွင်းမှာ ကောင်းမွန်စွာ နေထိုင်လျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာတော့ ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်များဆိုပြီး PDF အမည်ခံ လက်နက်ကိုင်အုပ်စုတွေကိုလည်း တရားဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီဖိတ်ခေါ်ချက်ကြောင့်လည်း PDF အမည်ခံ လက်နက်ကိုင်အဖွဲ့ဝင်ရာပေါင်းများစွာ တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာလည်း ကျွန်တော်တို့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အခုကျွန်တော်တို့နိုင်ငံမှာ မကြာမီအချိန်အတွင်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ လက်ကမ်းကြိုဆိုပါကြောင်း အသိပေးအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းစာများ - ၃၃၆၁ ခု
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
